Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မန္တလေးမြို့တွင် နိုင်ငံကူးလက်မှတ်ရရှိရန် တန်းစီနေသူများ လူအုပ်ပိတ်မိပြီး အမျိုးသမီး ၂ဦး သေဆုံး၊ ၁ဦး ဆေးရုံတင်ထားရ

မန္တလေးမြို့တွင် နိုင်ငံကူးလက်မှတ်ရရှိရန် တန်းစီနေသူများ လူအုပ်ပိတ်မိပြီး အမျိုးသမီး ၂ဦး သေဆုံး၊ ၁ဦး ဆေးရုံတင်ထားရ

AB News – ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမှတ် ၁၂ လမ်း၌ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံးရှေ့တွင် လက်မှတ်လာထုတ်သူအများအပြား တိုးဝှေ့တန်းစီရာမှ ယနေ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် လူအုပ်ပိတ်မိကာ အမျိုးသမီး ၂ဦး အသက်ရှုကြပ်သေဆုံးခဲ့ပြီး နောက် ၁ဦးမှာ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ‌ဆေးကုသမှုခံယူနေ‌ရကြောင်း သိရှိရသည်။

သေဆုံးခဲ့သူများမှာ အောင်မြေသာစံမြို့နယ်မှ ‌ဒေါ်ခင်မျိုးအေး ၅၂နှစ်နှင့် မခိုင်ဝေ ၃၉နှစ်တို့ဖြစ်ပြီး ဒေါ်ဌေးဌေးဝင်း ၅၃နှစ်လည်း မန္တလေးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

အောင်မြေသာစံမြို့နယ်မှ ဒေါ်ခင်မျိုးအေးနှင့် မခိုင်ဝေတို့မှာ ပတ်စ်ပို့ရုံးတွင် တိုကင်ရရှိရန် တန်းစီနေရာတွင် လူအုပ်ပိတ်မိပြီး အသက်ရှုကြပ်ကာ သေဆုံးမှုဖြစ်ခဲ့ကြောင်း မျက်မြင် ၁ဦးက AB News သို့ ပြောကြားသည်။

“တန်းစီရင်း နေရာလုရာမှာ လူအုပ်ပိတ်မိပြီး အမျိုးသမီး ၃ဦး သတိလစ်မေ့မြောခဲ့တယ်။ အဲဒီ ၃ယောက်ကို နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့က ဆေးရုံပို့ဆောင်ခဲ့တယ်။ ဆေးရုံရောက်တော့ ၂ယောက်က ဆုံးသွားတယ်။ နောက် ၁‌ယောက် ဆေးကုသမှုခံယူနေရတယ်” ဟု ဆိုသည်။

မန္တလေးမြို့ရှိ ပတ်စ်ပို့ရုံးတွင် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူ များပြားလာသောကြောင့် လူအကန့်အသတ်ဖြင့် တိုကင်ပေးသည့်စနစ်ကိုကျင့်သုံးပြီး တိုကင်ရရှိရန် လူငှားတန်းစီသူများပင် ရှိသောကြောင့် လုယက်တန်းစီးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းလိုက်ပြီးနောက် အသက် ၁၈နှင့် ၃၅နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈နှစ်နှင့် ၂၇နှစ်ကြား အမျိုးသမီးများမှာ စစ်မှုမထမ်းလိုသည့် အတွက်ကြောင့် ပြည်ပသို့ ထွက်ခွာရန် ကြိုစားနေလျှက်ရှိသည်။

စစ်မှုမထမ်းမနေရ ဥပဒေနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို ၂၀၂၄ ခုနှစ် ဧပြီလကုန်တွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး တစ်နှစ်အတွင်း လူဦးရေ ၅သောင်းခန့် ခေါ်ယူမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားသည်။

Website
www.arakanbaynews.com 

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ