AB News – ဧပြီ ၆၊ ၂၀၂၅
ငလျင်းဘေးဒဏ်အများဆုံးခံထားရသည့် မန္တလေးနှင့် စစ်ကိုင်းတွင် ယမန်နေ့ ဧပြီလ ၅ ရက် ညနေ ၈ နာရီကျော်အချိန်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့သောကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ အခက်အခဲကြုံနေရကြောင်း AB News မှ စုံစမ်းသိရှိရသည်။
ငလျင်ဒဏ်ကို ခံထားရသည့် အဆောက်အဦးများနှင့် နောက်ဆက်တွဲ ငလျင်များဖြစ်ပေါ်မည်ကို စိုးရိမ်သောကြောင့် ကွင်းပြင်များ နှင့် လမ်းမကြီးများပေါ်တွင် တာပေါ်လင်များဖြင့် ယာယီတဲတိုးပြီး နေထိုင်သူများမှာ မိုး၊ လေ ဒဏ်များကြောင့် အခက်အခဲများ ပိုမိုရင်ဆိုင်ကြုံတွေ့နေရကြောင်း မြို့ခံများက ဆိုသည်။
မိုးသက်လေပြင်းကျရောက်ခဲ့သောကြောင့် မြို့ပေါ် လျှပ်စစ်မီးများမှာလည်း ပြတ်တောက်ခဲ့ရသည်။
ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီမှ မန္တလေး ကျုံးအနီးအနားပတ်ဝန်းကျင်တွင် ယာယီတဲထိုး၍ နေထိုင်သည့် ငလျင်ဘေးသင့်ပြည်သူများကို အခြားနေရာ ကွင်းပြင်များသို့ ရွေ့ဆိုင်းရန် အကြောင်းကြား ထားသည်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု၏ ယမန်နေ့ ဧပြီလ ၅ ရက် ထုတ်ပြန်ချက်အရ လာမည့် ၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း ပြောဆိုထားသည်။