Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မတ်လ ၈ ရက်နေ့မှစပြီး တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုရမည်

၂၀၂၂ – ၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးမည့် အချိန်ဇယားကို မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနက ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ (၈ – ၃ – ၂၀၂၃) ဗုဒ္ဓဟူးနေ့တွင် မြန်မာစာ၊

(၉ – ၃ – ၂၀၂၃) ကြာသပတေးနေ့တွင် အင်္ဂလိပ်စာ၊(၁၀ – ၃ – ၂၀၂၃) သောကြာနေ့တွင် သင်္ချာ၊ (၁၃ – ၃ – ၂၀၂၃) တနင်္လာနေ့တွင် ဓာတုဗေဓ၊ (၁၄ – ၃ – ၂၀၂၃) အင်္ဂါနေ့တွင် ရူပဗေဒ၊ (၁၅ – ၃ -၂၀၂၃) ဗုဒ္ဓဟူးနေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ (၁၆ – ၃ – ၂၀၂၃) ကြာသပတေးနေ့တွင် ပထဝီဝင်၊ (၁၇ – ၃ – ၂၀၂၃) သောကြာနေ့တွင် သမိုင်းနှင့် (၁၈ – ၃ – ၂၀၂၃) စနေနေ့တွင် စိတ်ကြိုက်မြန်မာစာတို့ကို နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအချိန်ထိ စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၂ – ၂၃ ပညာသင်နှစ်အတွင်း ရခိုင်ပြည်တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများမှာ ကျောင်းတွင်းမှ ဖြေဆိုရန်လျှောက်ထားသည့် ကျောင်းသားကျောင်းသူ ၄၀၈ ဦးနှင့် ကျောင်းပြင်ပဖြေဆိုမည့် ကျောင်းသားကျောင်းသူ ၁၈၇၅၇ဦး စုစုပေါင်း ၁၉၁၆၅ဦး ဖြေဆိုမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ထုတ်ပြန်ပြောဆိုထားသည်။

မတ်လ ၈ ရက်နေ့မှစပြီး တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုရမည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ