သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား-မြေပုံကားလမ်းကြား ဆိုင်ကယ်တိမ်းမှောက်၍ အမျိုးသား တစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်ဒဏ်ရာရ

AB News – ဧပြီ ၁၇၊ ၂၀၂၅

သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ရက်နေ့တွင် မင်းပြား-မြေပုံ ကားလမ်းကြား ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။

ဆိုင်ကယ်တိမ်းမှောက်၍ သေဆုံးခဲ့သူမှာ မင်းပြားမြို့မှ ကိုသူရနိုင် ဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူမှာ မင်းပြားမြို့မှ ကိုသန်းမြင့်စိုး ဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ကိုသူရနိုင်မှာ ဆိုင်ကယ် မှောင်နှင်လာသူဖြစ်ပြီး ကိုသန်းမြင့်စိုးမှာ ဆိုင်ကယ်နောက်မှ စီး၍ လိုက်ပါလာသူ ဖြစ်ကြောင်း မျက်မြင်များက ဆိုကြသည်။

သေဆုံးသူ ကိုသူရနိုင်နှင့် ဒဏ်ရာရရှိသူ ကိုသန်းမြင့်စိုးတို့သည် သင်္ကြန်ကာလအတွင်း မြေပုံမြို့မှ ရေလောင်းပြီး မင်းပြားမြို့သို့ ပြန်လာချိန်တွင် ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသူ ကိုသန်းမြင့်စိုးကို မြို့ထိန်းသိမ်းရေး အာဏာပိုင်များက အရေးပေါ်ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့များတွင် မြို့ထိန်းသိမ်းရေး အာဏာပိုင်များက ပြည်သူများ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ် ဆောင်ရန်နှင့် ယာဉ်များကို စနစ်တကျမောင်းနှင်ကြရန် ယာဉ်အန္တရာယ်အသိပေးဟောပြောပွဲများ ပြုလုပ်ခြင်း၊ ဆိုင်ကယ်စီးလျှင် လိုက်နာရမည့် စည်းကမ်းချက်များကို လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်လျက် ရှိသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်