သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်တွင် မူးယစ်ဆေးဝါးဖြန့်ဝေရောင်းချသူ လင်မယား ၂ ဦး ကို ဆေးဝါးများနှင့်အတူ DLEPS ဖမ်းဆီး

AB News – သြဂုတ် ၉ ၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ မင်းရွာကျေးရွာတွင် မူးယစ်ဆေးဝါးဖြန့်ဝေရောင်းချသူ လင်မယား ၂ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS အဖွဲ့က ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၇ ရက်နေ့ ၊ ညနေ ၁၀ နာရီခန့်အချိန်တွင် DLEPS တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးလက်ဝယ်ရောင်းချကြောင်း သတင်းရ၍ မင်းရွာကျေးရွာနေ ဦးမောင်သာစံ၏ နေအိမ်ကို ဝင်ရောက်ရှာဖွယ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဆေးရောင်ဗူးအခွံ၌ (WY) စာတန်းပါ မူးယစ်ဆေးပြား (၁၂၀) ပြား၊ ဖုန်းဗူးခွံ၌ (WY) စာတန်းပါ မူးယစ်ဆေးပြား (၇၇၈) ပြား ၊ (88/1) စာတန်းပါ (၁၀၃၅)ပြား ၊ လေအေးပေးစက်(air conditioner) ၌ (WY) နှင့် (88/1) စာတန်းပါ မူးယစ်ဆေး (၃၇၂) ပြားနှင့် မူးယစ်ဆေးစုစုပေါင်း (၂၃၀၅) ပြားတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်သည့် ငွေကျပ် (၁၃၃၆၂၀၀၀ )၊ ဆိုင်ကယ် wave (110) ၁ စီးနှင့် ရွှေထည်ပစ္စည်းတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မူးယစ်ဆေးဝါးဖြန့်ဝေရောင်းချသူ ဦးမောင်သာစံနှင့် ဇနီးဖြစ်သူ ဒေါ်ဦးမြသိန်းတို့ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS အဖွဲ့က ဖမ်းဆီးသွားပြီး အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ