သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြား​​မြို့နယ်တွင် နေအိမ်မီးလောင်ကျွမ်းမှုကြောင့် ကလေးငယ် ၁ ဦး သေဆုံး



‎AB  News – ဇန်နဝါရီ ၁၅ ၊၂၀၂၆

‎ရက္ခိုင်ပြည် ၊မင်းပြားမြို့နယ်၊ နော်နော် မူဆလင်ကျေးရွာတွင် နေအိမ် မီးလောင်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးသွားကြောင်း သ်ိရသည်။

‎ယမန်နေ့ ည အချိန်တွင် နေအိမ်အပေါ်ထပ်၌ မီးလှုံရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

‎အဆိုပါ မီလောင်ကျွမ်းမှုကြောင့် ကလေးငယ် ၁ဦး သေဆုံးခဲ့ပြီး နေအိမ်မှာလည်း မီးလောင်ပျက်စီးဆုံးရူံးခဲ့ရသည်။


‎ပြီးခဲ့သည့်ဒီဇင်ဘာ ၂၀ ရက်နေ့လည်းတွင် ကျောက်တော်မြို့၊ ကမ်းနားလမ်းနှင့် မြို့မစျေးအနီးတွင် ပေါ့ဆမီးကြောင့် စျေးဆိုင် ၄ ဆိုင်မီးလောင်ပျက်စီးခဲ့သည်။

‎အလားတူ ဒီဇင်ဘာ ၂၀ ရက်နေ့၊ ညနေ ၄ နာရီ၊ ၂၇ မိနစ်အချိန်တွင် ဘူးသီးတောင်မြို့၊ အမှတ် ၄ ရပ်ကွက်၌ နေအိမ် ၂၆ လုံး မီးလောင်ပျက်စီးခဲ့သည်။

‎လက်ရှိတွင် အာရက္ခတပ်တော်ထိန်းချုပ်ထားသော ဒေသများအတွင်း အာရက္ခပြည်သူ့ အစိုးရ၏ မီးသတ်ဌာနမှ ဦးဆောင်၍ မီးဘေးအန္တရာယ်ကြိုတင်သတိပေးချက်များနှင့်လိုက်နာ​လုပ်ဆောင်ရမည့်အချက်များအား ပြည်သူလူထုများထံသို့ အစဥ်မပြတ်လုပ်ဆောင်ခဲ့သည်။

‎၎င်းအပြင် မီးဘေးအန္တရာယ်ကို မပေါ့ဆကြရန် ၊ မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရန်၊ ရှောင်ရန် အချက်များကို အာရက္ခပြည်သူ့အစိုးရ၏မီးသတ်ဌာနမှ မိဘပြည်သူများက်ို အသိပညာပေးဟောပြောပွဲများ လုပ်ဆောင်လျှက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ