သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် ရေနစ်၍ သက်ကြီးပိုင်း အမျိုးသား ၁ ဦး သေဆုံး

​AB News – နိုဝင်ဘာ ၂ ၊ ၂၀၂၅
ဆိုဖီ

​ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ငပြီအင်းကျေးရွာတွင် ယနေ့ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းအချိန်က ရေနစ်မှုကြောင့် သက်ကြီးပိုင်း အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

​သေဆုံးသူမှာ ငပြီအင်းကျေးရွာမှ အသက် ၇၈ နှစ်အရွယ် ဦးလှသာ ဖြစ်သည်။

ဦးလှသာသည် နံနက်ပိုင်းတွင် ၎င်းပိုင်ဆိုင်သော အုန်းခင်းသို့ သွားရောက်ခဲ့ရာ အချိန်ကြာမြင့်သည်အထိ ပြန်မလာသောကြောင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့သည်။

​မိသားစုဝင်တစ်ဦးက ”မနက် ၈ နာရီလောက်ကတည်းက ထွက်သွားတာ၊ ထမင်းစားချိန်လည်း ရောက်မလာတာကြောင့် မိသားစုဝင်တွေနဲ့ သွားရှာကြတယ်။ ၁၀ နာရီလောက်မှာ ရွာအနောက်ဖက်ရှိ အုန်းတောအနားက ကင်းချောင်းထဲမှာ ရေနစ် သေဆုံးနေတဲ့ သူ့ရုပ်အလောင်းကို ရှာတွေ့ခဲ့ပါတယ်” ဟု ဆိုသည်။

​အလားတူ မင်းပြားမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ပန်းမြောင်းအုပ်စု၊ ငုက်တော်ရ ရပ်ကွက်မှ အသက် ၇ နှစ်အရွယ် မောင်ချစ်လင်းဇော် သည်လည်း ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ