သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် စစ်ကျန်မိုင်းနင်းမိ၍ အမျိုးသမီး ၁ဦးခြေ ၁ ဘက် ပြတ်ထွက်သွား

AB News -မတ် ၁၉ ၊၂၀၂၅

ရက္ခိုင်​ပြည် ၊မင်းပြားမြို့၊သပြေညို ရပ်ကွက်မှ အမျိုးသမီး ၁ ဦးသည် မညှင်းချဉ်သီးခူးရန် သွားစဥ် စစ်ကောင်စီ ထောင်ထားခဲ့သော စစ်ကျန်မိုင်း ၁လုံးနင်းမိပြီး ခြေ ၁ ဘက် ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။

ယနေ့ ၂ နာရီ ၅၅ မိနစ်ခန့်တွင် ယခင်စစ်ကောင်စီ တပ်စွဲနေထိုင်ခဲ့သော ကျိန်းတောင် တောင်ကြားသို့ မညှင်းချဉ်သီးသွားခူးရာ ၄င်းတို့ထောင်ထားခဲ့သော စစ်ကျန်မိုင်း ၁ လုံး နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွား​ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ၁ဦးက AB News ပြောသည်။

” ဒီနေ့ ၂ နာရီခွဲကျော်လောက်မှာပါ။ ကျိန်းတောင် တောင်ကြားကို မညှင်းချဥ်သီးခူးဖို့သွားတာ။ အရင်က အဲ့ဒီနေရာမှာ စစ်ကောင်စီ တပ်စွဲနေထိုင်ခဲ့တော့ သူတို့ထောင်ထားတဲ့ မိုင်နင်းမိပြီး ခြေ ၁ ဘက်ပြတ်သွားတယ်”ဟု ဆိုသည်။

မိုင်းနင်းမိပြီး ခြေ ၁ ဘက် ပြတ်ထွက်သွားသူမှာ မင်းပြားမြို့၊ သပြေညိုရပ်ကွက်မှ ဦးအောင်စိုးချေနှင့် ဒေါ်လှကျန်သိန်းတို့၏ သမီး အသက် ၄၃ နှစ်အရွယ် ဒေါ်စံဝင်းမေ ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း မင်းပြားမြို့၊ရွှေမင်းဂံရပ်ကွက်တွင် ဦးရဲနိုင်စိုး၏ နေအိမ်ခေါင်မိုးထက်၌ ရှိ​နေခဲ့သည့် စစ်ကျန်ဗုံးသီး ၁ လုံးသည် အောက်ကိုပြုတ်ကျခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အသက် ၁၄နှစ်အရွယ် မောင်အောင်မင်းဌေးမှာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း မင်းပြားမြို့၊အောက်သာယာရပ်ကွက်မှ ဦးအောင်သာချေသည် ယခင် စစ်ကောင်စီ တပ်ရင်း ခမရ(၃၇၉)အနီးသို့ မျှစ်သွားချိုးစဥ် စစ်ကောင်စီထောင်ထားခဲ့သော မိုင်းကို နင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ