Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းတပ်နယ်တွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ၂ လအရွယ်ကလေးနှင့် မိခင်၊ အဖွားအိုတို့ သေဆုံး

ABN-မေအိအိအောင်

ဇူလိုင် ၉ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ၂ လ အရွယ်ကလေးတစ်ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ယမန်နေ့ ဇူလိုင် ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က မင်းတပ်မြို့နယ် ဝုမ်းခုမ်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ကလေးတစ်ဦးနှင့် အမျိုးသမီး(၂)ဦးတို့မှာ နေရာတွင်ပင် လက်နက်ကြီးကျည်စ ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ ၂ လအရွယ် မိန်းကလေးတစ်ဦး၊ အသက်(၃၀)ဝန်းကျင် မိခင် နှင့် အသက်(၆၀)ကျော် အဖွားတစ်ဦးတို့ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတစ်ချို့လည်းရှိကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ကျေးရွာစာသင်ကျောင်း အနီးရှိ နေအိမ်များကိုပါ ပစ်ခတ်ခဲ့သော်လည်း စနေနေ့ ကျောင်းပိတ်ရက် ဖြစ်သဖြင့် ကျောင်းသူ၊ ကျောင်းသားများ ဘေးကင်းခဲ့ကြောင်းသိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်လာကာ စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းများ မကြာခဏပြုလုပ်လာခြင်းဖြစ်ကြောင်းသိရသည်။

အလားတူပင် ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့တွင် မွန်ပြည်နယ် သထုံခရိုင်၊ ဘီလင်းမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေး ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ