သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မကွေးအကျဥ်းထောင်ရှေ့ PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား

AB News – ဧပြီ ၁၈၊ ၂၀၂၅

မကွေးအကျဥ်းထောင်ရှေ့ ဒေသခံ PDF နှင့် စစ်ကောင်စီလက်အောက်ခံတပ်များ ဧပြီလ ၁၃ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ‌ရေးအကျဥ်းသားများကွန်ရက် (PPNM) မှ ထုတ်ပြန်လိုက်သည်။

ထိုတိုက်ပွဲဖြစ်ပွားမှုကြောင့် ဧပြီလ ၁၃ ရက်၊ ညနေ ၆ နာရီကျော်အချိန်တွင် အကျဥ်း‌ထောင်ဦးစီးဝန်ထမ်းများနှင့် အကျဥ်းသားများကြား တင်းမာမှုများ ရှိခဲ့ကြောင်း ဆိုသည်။

၎င်းတင်းမာထိတွေ့မှုကြောင့် အကျဥ်းဦးစီးဝန်ထမ်းများ၏ ထောင်ဗူးဝနှင့် ကင်းမျှော်စင် တို့မှ သေနတ်ပစ်ခတ်မှု ကြောင့် ထောင်အတွင်း ဓမ္မာရုံတွင်နေသည့် နိုင်ငံ‌‌‌ရေးအကျဥ်းသား စော‌ရွှေမောင် အပါအဝင် နိုင်ကျဥ်း ၂ ဦးသေဆုံးပြီး ဒဏ်ရာအများအပြားရရှိကာ ငါးဦးထက်မနည်း ဆေးဝါးကုသမှုခံယူနေရကြောင်း ဖော်ပြထားသည်။

ထို့အပြင် ထောင်ဝန်ထမ်းတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နိုင်ငံ‌ရေးအကျဥ်းသားများကို ထောင်တွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

PPNM မှ စုံစမ်းထုတ်ဖော်သိရှိထားသည့် ယနေ့ထုတ်ပြန်ချက်အရ ဧပြီလ ၁၇ ရက် (နှစ်ဆန်း ၁ ရက်) နေ့ စစ်ကောင်စီလွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဥ်းသား ၃၀၁ ဦးသာ ပါဝင်ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်