Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မကွေးတွင် နေရာ ၂ ခု၌ စစ်ကောင်စီ စစ်ကြောင်း ၂ ခုအား AA ကြားဖြတ်တိုက်ကာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး၊ ၁၈ ဦး ဒဏ်ရာရ

မကွေးတွင် နေရာ ၂ ခု၌ စစ်ကောင်စီ စစ်ကြောင်း ၂ ခုအား AA ကြားဖြတ်တိုက်ကာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး၊ ၁၈ ဦး ဒဏ်ရာရ

AB News – မတ်လ ၂၈၊ ၂၀၂၄

မကွေးတွင် နေရာ ၂ ခု၌ စစ်ကောင်စီ၏ စစ်ကြောင်း ၂ ခုအား AA ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း AA က ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင်  ၂၀၂၄ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့၊ နံနက် (၁၀) နာရီ (၄၈) မိနစ်အချိန်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၁၅၀၀) ခန့်အကွာ၌လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အင်အား (၄၀) ခန့်ပါစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယခုတိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ မျက်မြင် (၄) ဦး ကျဆုံးခဲ့ပြီး (၈) ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း AA ကဆိုသည်။

အလားတူ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့၊ နံနက် (၈) နာရီ (၅၈) မိနစ်အချိန်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင်ဘက် မီတာ (၇၀၀) ခန့်အကွာတောင်ကြော၌ ရန်သူ အင်အား (၅၀) ဦးခန့်ပါ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ မျက်မြင် (၆) ဦး ကျဆုံးကာ ဒဏ်ရာရရှိသူ (၁၀) ဦးခန့်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် မကွေးသို့ထိ ပထမဆုံးအကြိမ် ကြားဖြတ်တိုက်ခိုက်ခြင်းများပြုလုပ်သည့်အတွက် စစ်မြေပြင် ပိုမိုကျယ်ပြန်လာနေသည် တွေ့ရသည်။

စစ်ကောင်စီ၏ နပခ မှလည်း လက်နက်ကြီးများဖြင့် မကွေးဖက်သို့ လှမ်းကူ ပစ်ပေးလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ရက္ခိုင်ပြည်အတွင်း လက်နက်ချက်အညံ့မခံသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ရက္ခိုင့်တပ်တော်က လိုက်လံချေမှုန်းလျက်ရှိကြောင်း AA က ဆိုထားသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ