Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မကွေးတိုင်း ချောက်မြို့တွင် စက်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်နှင့် ၀န်ထမ်း နှစ်ဦးကို စစ်ကောင်စီကဖမ်းဆီးသတ်ဖြတ်ခဲ့

ABN – မေအိအိအောင်

မကွေးတိုင်း ၊ ချောက်မြို့မှ စက်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ဖွင့်ထားသည့် ဆိုင်ပိုင်ရှင်နှင့် ဆိုင်မှ ၀န်ထမ်းနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ပြီး ငွေကျပ် သိန်း ၁၅၀၀ ကိုလည်းယူသွားကြောင်းသိရသည်။

ယမန်နေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် စစ်ကောင်တပ်များ လုံခြုံရေးယူထားသည့် ပခုက္ကူမြို့နယ်ရှိ ချောက်မြို့မှ ပခုက္ကူမြို့နယ်သို့ သွားသည့် အဆိုပါဆိုင်ပိုင်ရှင်နှင့် ဆိုင်၀န်ထမ်း ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနများ ဖော်ပြချက်အရ သိရသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ မကွေးတိုင်း၊ ချောက်မြို့မှ စက်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင် ဦးဟာကင်းမ်၊ ယာဥ်မောင်းသူ ဦးမြင့်ဌေး နှင့် အမည်မသိ တစ်ဦးတို့ဖြစ်ကြောင်းသိရသည်။

ယင်းအပြင် စစ်ကောင်စီက ဆိုင်ပိုင်ရှင်နှင့် ၀န်ထမ်းများစီးလာသည့် ကားအပါအ၀င် ငွေကျပ် သိန်း ၁၅၀၀ ကိုလည်း ယူသွားကြောင်းသိရသည်။

ဦးဟာကင်းမ်မှာ ချောက်မြို့၊ စျေးပိုင်းအရပ်တွင် နေထိုင်ကြောင်းသိရပြီး စက်ဘီး၊ ကား စသည့် စက်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းအပါအ၀င် အမဲ၊ ဆိတ် လေလံ‌ရောင်း၀ယ်‌ရေးနှင့် အခြားလုပ်ငန်း အများအပြားလုပ်ကိုင်သူဖြစ်ကြောင်းလည်း ဒေသတွင်းသတင်းများ အရသိရသည်။

အလောင်းများကို စစ်ကောင်စီတပ်သားများက မိသားစုများကို ပေးအပ်ခဲ့သော်လည်း အလောင်းကိုယူရန်မသွားရဲသဖြင့် အခြေအနေကို အတိကျမသိရကြောင်းနှင့် စစ်ကောင်စီက အလောင်းများကို ဇန်န၀ါရီ ၂၆ ရက်နေ့မှာပင် ချက်ချင်း သင်္ဂြိုလ်ခိုင်းခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ၊ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာမှ အသက် ၃၀ အရွယ် ကိုပေါက်စီကို ပြီးခဲ့သည့် ဇန်န၀ါရီ ၂၅ ရက်နေ့တွင် စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ