Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မကွေးတိုင်းတွင် စစ်ကောင်စီက ဒရုန်းများဖြင့် ပစ်ချသည့် ဗုံးသီး နေအိမ်အတွင်းကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံး

ABn-မေအိအိအောင်

ဇွန် ၃၀ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ပစ်ချသည့် ဗုံးသီး နေအိမ်အတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်းသိရသည်။

ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့က မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသ၊ ငတရော်ကျေးရွာတွင် စစ်ကောင်စီက ဒရုန်းများဖြင့်ပစ်ချသည့် အီနာဂါဗုံးသီးကျ၍ အသက် ၃၆နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ရေလယ်ကျွန်း မင်းရွာတွင် တပ်စွဲအထိုင်ချထားသည့် စစ်ကောင်စီ စစ်သားများက လက်နက်ကြီးများ ၊ဒရုန်းများဖြင့် ရမ်းသမ်းပစ်ချခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ စကစ က ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ချမှုကြောင့် အခြားဒဏ်ရာရရှိည့် ပြည်သူများလည်းရှိကြောင်းသိရသည်။

ယင်းအပြင် မပေါက်ကွဲသေးသည့် အီနာဂါဗုံးသီး နှစ်လုံးကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များကသိမ်းဆည်းထားကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ညောင်ကုန်းကျေးရွာနှင့် ချင်းပြင်ရွာကို စကစက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ဘုန်းကြီးတ်ပါးအပါအဝင် အရပ်သားပြည်သူ ၁၀ ဦးသေဆုံးခဲ့ပြီး ၁၂ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိကြောင်းသိရသည်။

ယင်းအပြင် KNU တပ်မဟာ ၃ နယ်မြေအတွင်း ဆောထိမြို့နယ်တွင် ၄ ရက် ဆက်တိုက် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံးက ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်သည်။

ထိုနည်းတူ စစ်ကောင်စီတပ်က ဗမာပြည်နှင့် တိုင်းရင်းသားများ နေထိုင်ရာ ဒေသများရှိ အပြစ်မဲ့ပြည်သူများနေထိုင်သော ကျေးရွာများ၊ စစ်ရှောင်စခန်းများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ ဘက်မှ လေကြောင်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခြင်း၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်းများအပြင် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ