Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင် စကခ (၁၅) ဌာနချုပ် လက်နက်ချ အညံ့ခံရာတွင် စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ပေးထားသည့် အစွန်းရောက် ဘင်္ဂလီမူဆလင် အများအပြားပါဝင်သည်ကို တွေ့ရ

အာရက္ခတပ်တော်(AA)ထံ ဘူးသီးတောင် စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် တပ်မိသားစုဝင်များ လက်နက်ချအညံ့ခံရာတွင် စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ပေးထားသည့် အစွန်းရောက် ဘင်္ဂလီမူဆလင် အများအပြားပါဝင်သည်ကို တွေ့ရသည်။

အာရက္ခတပ်တော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က  အလံဖြူထောင် အလင်းဝင်သည့် ဘင်္ဂလီမူဆလင်စစ်သုံ့ပန်းများ၏ ဓာတ်ပုံ ၂ပုံကို ယနေ့ မေလ ၆ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်က ၎င်း၏ Twitter ခေါ် ( X )စာမျက်နှာတွင် အောက်ပါစာပိုဒ်တစ်ခုနှင့်အတူ ဖော်ပြထားသည်ကို တွေ့ရသည်။

လက်နက်ချ အညံ့ခံ အလံဖြူထောင်ထားသည့် ဓာတ်ပုံ ၂ပုံနှင့် အတူ အောက်ပါ စာပိုဒ်အား ပူးတွဲ‌ရေးသားဖော်ပြထားသည်။

“ရဲရဲတောက် ဒို့ ဘင်္ဂလီတွေ သတ္တိခဲတွေ

ရာဇဝင် ထွန်းလောက်အောင် စွမ်းတယ်

ဒို့တိုင်း ဒို့ပြည် လွတ်လပ်ရေးကို

အာဇာနည်သွေးတွေ အရိုးကြေကြေ

ဒို့ပြည် ဒို့မြေ

ခေတ်ဆွေးကို ပြောင်းပြန်

ခေတ်သစ်ကို စီမံ

လွတ်လပ်ဖို့ အဓိဌာန်

ညီစေနော် ဒို့ရဲဘော်

ချီတက်ကြစို့ တူပျော်ပျော်

ဘယ်– ညာ– ဘယ်– ညာ။” ဟု ဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို လက်နက်သဖွယ် အသုံးချကာ ရက္ခိုင်ပြည်အတွင်းရှိ ဘင်္ဂလီ မူဆလင်များကို ဖမ်းဆီး၍လည်းကောင်း၊ နိုင်ငံရေးအရ မက်လုံးပေး၍လည်းကောင်း ရက်တို စစ်သင်တန်းများ တက်ရောက်စေခဲ့ပြီး စစ်ရှုံးနေသည့် ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ကာ တိုက်ပွဲများ၌ ပါဝင်စေခဲ့သည်။

ထို့အ​ပြင် ပြီးခဲ့သည့် ဧပြီလအတွင်း ဘူးသီးတောင်မြို့ရှိ ရက္ခိုင်၊ ဟိန္ဒူနှင့် အခြားရက္ခိုင်မျိုးနွယ်စုဝင်များ၏ နေအိမ် ၅၀၀၀ နီးပါးကို အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသည့် စစ်သွေးကြွ ဘင်္ဂလီ မူဆလင်များက မီးရှို့ဖျက်ဆီးခဲ့သည်။

၂၀၁၇ ခုနှစ်က ရက္ခိုင်ပြည်တွင်းရှိ မူဆလင်များအား လူမျိုးတုံး သတ်ဖြတ်သည့် အရေးအခင်းမှာလည်း မြန်မာ့တပ်မတော် (ခေါ်) စစ်ကောင်စီက ၎င်းတို့၏ အကျိုးအမြတ်အတွက် အကွက်ကျကျ စီစဥ်ခဲ့ခြင်းဖြစ်ပြီး မူဆလင် ၆၀၀၀၀ ခန့်ထိ သေဆုံးခဲ့ရကြောင်း နိုင်ငံတကာ သုတေသနအဖွဲ့များအား အစီရင်ခံစားများ ဖော်ပြချက်အရ သိရသည်။  

ထို့အပြင် မြန်မာတပ်မတော် (ခေါ်) စစ်ကောင်စီသည် မောင်တောခရိုင်ဒေသအတွင်းမှ မူဆလင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကို မီးရှုံ့ဖျက်ဆီးရုံမျှမက မူဆလင်အမျိုးသမီးများအား မုဒိန်းကျင့်မှုများကိုပါ ကျူးလွန်ခဲ့သည်။

 မြန်မာတပ်မတော်၏ လူမျိုးတုံး သတ်ဖြတ်မှုကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်သို့  ၆၈၈၀၀၀ ခန့် ထွက်ပြေးခိုလှုံခဲ့ရပြီး ယခုအချိန်ထိလည်း ဒုက္ခသည် စခန်းများတွင် ရှိနေရဆဲဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် စစ်သွေးကြွ ဘင်္ဂလီ မူဆလင်များသည်  ခေတ်အဆက်အဆက် ရက္ခိုင်ဒေသရှိ ဘင်္ဂလီ မူဆလင်များကို လူ့အခွင့်အရေးကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ ဘူးသီးတောင်မြို့ရှိ လူနေအိမ်အများအပြားအား မီးရှို့ဖျက်ဆီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ