Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မှ စစ်ဘေးရှောင်များကို အာရက္ခတပ်တော်က အမိုးအကာ၊ ဆေးဝါးပစ္စည်းများ ကူညီထောက်ပံ့ပေးထား 

ရက္ခိုင်ပြည်တွင် တကျော့ပြန်စစ်ပွဲအတွင်း အာရက္ခတပ်တော်ထံခိုလှုံ လာသည့် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလီမူဆလင်များကို အာရက္ခတပ်တော်က အမိုးအကာ၊ ဆေးဝါးပစ္စည်းများ ကူညီထောက်ပံ့ပေးထားကြောင်း HDCO က ယနေ့ မေလ ၁၅ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် ဘူးသီးတောင်မြို့နယ်မှ မူဆလင် အသိုင်းအဝိုင်းများအား ဘေးကင်းလုံခြုံရာသို့ (Arakan Army) အာရက္ခတပ်တော်မှ ပြောင်းရွှေ့ပေးလျက်ရှိနေပြီး ကလေးသူငယ်၊ အမျိုးသမီး နှင့် သက်ကြီးရွယ်အိုများ အပါအဝင် ၎င်းမူဆလင်ကျေးရွာသားများကို အစားအသောက်၊ အမိုးအကာ နှင့် ဆေးဝါးစောင့်ရှောက်မှုများလည်း ပံ့ပိုးကူညီ ပေးလျက်ရှိနေကြောင်း HDCO ကဆိုသည်။ 

ရုပ်သံဖိုင်တွင် ကျန်းမာရေးမကောင်းသော သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို အာရက္ခစစ်သည်၊ စစ်မေ များက ဆေးဝါးကုသမှုများပြုလုပ်ပေးနေသည်ကို တွေ့ရသည်။

ထို့အပြင် ထောင်ချီသော မူဆလင်များကိုလည်း အာရက္ခတပ်ဖွဲ့ဝင်များက ကောင်းမွန်စွာ ထမင်းကျွေးမွေးထားသည်ကိုလည်း တွေ့ရသည်။

လက်ရှိတွင် အာရက္ခတပ်တော်ထံ ခိုလှုံလာသည့် စစ်ဘေးရှောင်များကို အာရက္ခတပ်တော်က လူမျိုး၊ ဘာသာမရွေး ကူညီထောက်ပံ့ပေးနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ