သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့ ၊ အမှတ် (၄)ရပ်ကွက်တွင် နေအိမ် ၂၆ ဆောင်မီးလောင်ပျက်စီး

AB News – ဒီဇင်ဘာ ၂၁ ၊ ၂၀၂၄

ရက္ခိုင်ပြည် ၊ ဘူးသီးတောင်မြို့ ၊ အမှတ် ၄ ရပ်ကွက်တွင် နေအိမ် ၂၆ ဆောင်မီးလောင် ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။

ယမန်နေ့ ၊ ဒီဇင်ဘာလ ၂၀ နေ့ ၊ ညနေ ၄ နာရီ ၂၇ မိနစ်အချိန်တွင် အမှတ် ၄ ရပ်ကွက်မှ နေအိမ် ၂၆ ဆောင်မီး လောင်ပျက်စီးခဲ့ပြီး ၊ ဦးဒါဒါမျာ၏ သား အာလီဂျူဟ၏ နေအိမ်မှ မီးစတင် လောင်ကျွမ်းခဲ့ကြောင်းသတင်းရင်းမြစ်တစ်ဦးက AB News သို့ပြောသည်။

“ညနေပိုက်းလောက်မှာ မီးစလောင်တာ ။ အိမ်တွေက အုန်းအမိုးတွေနဲ့ဆိုတေ့ာ အိမ်တစ်အိမ်မီးလောင်တာ ၅မိနစ် ၊ ၆ မိနစ်လောက်ပဲကြာတယ်။ အိမ်တွေကလည်း နီးနီးလေးဆိုတော့ မီးကူးစက်လွယ်တာပေါ့။ နေအိမ် ၂၆ ဆောင်တောင်” ဟုဆိုသည်။

အိမ်မီးလောင်ပျက်စီးသွားသော အိမ်ပိုင်ရှင်၏အမည်များမှာ –

၁။ အဖ ဒူဒူမျာ၏သား အာလီဂျူဟ ၂။ လာလာမော်ဒီလ် ၃။ အဖ ဆော်ဒုလ်ရော်မန်း၏သား အီနုစ်
၄။ အဒူရှော်ရှိ ၅။ ဒေါ်လူ ၆။ ဆော်လိုမာနီ ၇။ အီနုစ် ၈။ ကာဘူ ၉။ အဖ ရှောင်ရှူး၏သား ဆိုက်ထူရော်မန်
၁၀။ အဖ ဆော်ဒုတ်၏သား ရော်ဖိတ် ၁၁။ ရော်မန် ၁၂။ အဒူလာဇီ ၁၃။ အဖ မာမတ်ဟူဆိန်း၏သား ဖိရုစ်
၁၄။ အဖ မတ်ဟူဆိန်း၏သား အဒူလ္လာ ၁၅။ အဖ ဟာမတ်အာမတ်၏သား တာကေရ် ၁၆။ အဖ ဘမြိုင်၏သား မစောခင် ၁၇။ ဆော်လိမ် ၁၈။ အဖ ခေါ်လိမ်၏သား ဆွေတာမိန် ၁၉။အဖ မူဇေ၏သား ဆုလ်တန် ၂၀။ ဆော်ဒူဇာဟာဆောင်း ၂၁။ အဒူလာကိမ်း၏သား မာမောက် ၂၂။ အဖ အာဘူ၏သား အဘူနော်ဆောင်း
၂၃။ အာဘူဖွေယော့၏သား ဇူဟာရ်ရူး ၂၄။ မလှစိန် ၂၅။ ဟာဘီရော်မာန်
၂၆။ အမည်(စုံစမ်းဆဲ) ဖြစ်ကြောင်းသိရှိရသည်။

မီးလောင်ကျွမ်းမှုဖြစ်စဥ်မှာ အဖဒူဒူမျာ၏သား အာလီဂျူဟ နေအိမ်မှစ၍မီးလောင်ကျွမ်းခြင်းဖြစ်ပြီး အရပ်သားပြည်သူများ နှင့် အာရက္ခပြည်သူ့အစိုးရ၏ ဌာနဆိုင်ရာတပ်ဖွဲ့ဝင်များလာရောက်မီးငြိမ်းသတ်ခဲ့သည့်အတွက် ညနေ ၆ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုနှင့် ပတ်သက်၍ တရားခံများကို ဖော်ထုတ်နိုင်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အာရက္ခတပ်တော်မှ စုံစမ်းလျက်ရှိကြောင်းသိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့ ၊ နံနက်ပိုင်းအချိန်တွင်လည်း မောင်တောမြို့၊ ရွှေဇားရပ်ကွက်တွင် ကျောက်ပန္ဒူအခြေစိုက် စစ်ကောင်စီနေဗီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မူဆလင်နေအိမ် ၂၀ နီးပါးမီးလောင်ပျက်ဆီးသွားခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘူသီးတောင်မြို့နယ် ၊ ဆင်စွယ်ရကျေးရွာကို အကြမ်းဖက် ARSA အဖွဲ့က လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ပြီး၊ နေအိမ်များကို မီးရှိုးဖျက်ဆီးခဲ့သည့်အတွက် ဆယ်ကျော်သက် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၊ နေအိမ်၂ ဆောင်မီးလောင်ပျက်စီး