သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြိုနယ်တွင် အမျိုးသား ၁ ဦး ကိုယ့်ကိုယ်ကို ကြိုးဆွဲချသေဆုံး

AB News -ဒီဇင်ဘာ ၆၊၂၀၂၄

ဘူးသီးတောင်မြိုနယ်၊ ကျောက်ရစ်ရွာတွင် အမျိုးသား ၁ ဦး မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ကျောက်ရစ်ရွာမှ ဦးမောင်သန်းဝင်းနှင့်ဒေါ်မဲခိုင်တို၏သား အသက် ၂၄ နှစ်အရွယ် မောင် ညီစိုးဖြစ်သည်။

မောင်ညီစိုးသည် ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဖခင်ဖြစ်သူနှင့်စကားများ၍ စိတ်မချမ်းမသာဖြစ်ကာ ၄င်း၏နေအိမ်ထဲ၌ ကြိုးဆွဲချ သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏အလောင်းအား ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နေ့လည်တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့က မြောက်ဦးမြိုနယ်၊ ပေါက်တောပြင်ကျေးရွာမှ အမျိုးသားတစ်ဦးလည်း အိမ်တွင် မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ