Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားပင်လယ်အော်တွင် အားကောင်းသော လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လာနိုင်ကြောင်း အသိပေး

မေလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် အားကောင်းသော လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လာနိုင်ကြောင်း မိုး/ဇလမှ အသိပေးထုတ်ပြန်လိုက်သည်။

ECMWF model ENSEMBLE မှ မေလ ၁၅ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ရရှိသည့် သတင်းအချက်အလက်များတွင် – မေလ ၂၂ ရက် မွန်းလွဲပိုင်း၌ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် သိသာထင်ရှားသော လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်နိုင်ပြီး မြောက်-အနောက်မြောက်ယွန်းယွန်းသို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေး ရေးသားဖော်ပြထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းအစပျိုးသည့်တည်နေရာသည် ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်ပါက လေဖိအားနည်းရပ်ဝန်းအဆင့်သို့သာရောက်ရှိနိုင်ကြောင်း၊ အစပျိုးနေရာ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်မှ ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိနိုင်ကြောင်း စသည်ဖြင့် တွေ့ရကြောင်း ထပ်မံဖော်ပြထားသည်။

 မေလ ၂၁ ရက် လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်ပြီးနောက် မေလ ၂၄ ရက်တွင် မုန်တိုင်းငယ်(လေတိုက်နှုန်း တစ်နာရီ ၄၆ မိုင် – ဗဟိုဖိအား 989 hPa)ရှိပြီး၊ အားကောင်းသောလေဖိအားနည်းရပ်ဝန်း/မုန်တိုင်းငယ် ဖြစ်လာနိုင်မည့် အခြေအနေရှိကြောင်းလည်း ဆိုထားသည်။

ထို့အပြင် အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ၏ ၁၅-၅-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် (၀၀:၃၀) နာရီအချိန်ကို အခြေခံ တွက်ထုတ်ထားသည့် ခန့်မှန်းချက်များအရ ၂၆-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာနိုင်ပြီး၊ မြောက်ဘက်သို့ ရွေ့လျားကာ၊ ၂၇-၅-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ကို တွေ့ရှိရကြောင်း  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

လေဖိအားနည်းရပ်ဝန်းအားကောင်းလာမှုရှိ/မရှိ အချိန်နှင့်တပြေးညီထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း မိုး/ဇလကဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ