Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်၍ ကမ်းရိုးတန်းနေ ပြည်သူမျာသတိပြုရန် NUG သတိပေး

ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်၍ ကမ်းရိုးတန်းနေ ပြည်သူမျာသတိပြုရန် NUG သတိပေး

ABN-ရာဟု

မေ ၆ရက်

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် မေလ ၁၀ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ ရခိုင်ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူများ အထူးသတိပြု ကြိုတင်ပြင်ဆင်ကြရန် NUG က သတိပေး တိုက်တွန်းထားသည်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် မေလ ၇ ရက်နေ့ ကစတင်ကာ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး မေလ ၈ ရက်မှာ ပိုမ်ိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်ပြီး ပိုမိုအားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိလာနိုင်ကာ ခန့်မှန်းချက်များအရ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းအနီးသို့ မေ ၉ ရက်မှ ၁၃ ရက်နေ့ အထိ ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးပြီး ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ လောက် အထိတိုက်ခတ်နိုင်ကြောင်း ခန့်မှန်း​ထားသည်။

မုန်တိုင်းဖြစ်ပေါ်လာလျှင် မုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရေကြီး မြေပြိုမှုများဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများ ကြိုတင်သတိပြုနေထိုင်ကြရန် အကြံပြုပြောဆ်ို ထားသည်။

ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများလည်း ကြိုတင်သတိပြုရှောင်ရှားကြရန် တိုက်တွန်းထားသည်။

NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကလည်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ် လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းနှင့်စပ်လျဉ်းပြီး မိုးလေဝသအေဂျင်စီ ၂ ခု၏ ခန့်မှန်းတွက်ချက်မှုများကို ထုတ်ပြန်ထားသည်။

မိုးလေဝသဆိုင်ရာအချက်အလက်များ အပေါ်မူတည်ပြီး ခန့်မှန်းထားသည့် လမ်းကြောင်း(၂)ခု အနက် လမ်းကြောင်းတစ်ခုသို့ ရွေးချယ်ရွေ့လျားလာနိုင်ကြောင်း ပုံများနဲ့တကွထုတ်ပြန်ထားသည်။

ခန့်မှန်းလမ်းကြောင်းတွင် နေထိုင်ကြသူများအနေနဲ့ မိုးလေဝသခန့်မှန်းချက်များကို ဂရုတစိုက်နားထောင်ရန်လိုအပ်ကာ ကြိုတင်ပြင်ဆင်မှုများပါ ပြုလုပ်ကြရန် NUG အစိုးရက အသိပေးထားသည်။

မုန်တိုင်းသည် မြန်မာနိုင်ငံကိုဦးတည်ဖို့ ၇၅ ရာခိုင်နှုန်း လောက်ရှိ​ပြီး ဧရာဝတီတိုင်း ၊ ရခိုင် ပြည်နယ်၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်အနီး မုတ္တမကွေ့တို့တွင် လေပြင်းအန္တရာယ်ရှိလာနိုင်ကြောင်း မိုးလေဝသ ကျွမ်းကျင်သူ ဝေဖြိုးဟန်( လေကြောင်းမိုးလေဝသ)ကလည်း၎င်း၏ fb တွင် သတိပေးထုတ်ပြန်ထားသည်။

မုန်တိုင်း လမ်းကြောင်း ၁ တွင် ယနေ့မှ စတင်ကာ နောက် ၈ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသများမှာ လက်ရှိအပူချိန်နဲ့ 1-2C°လောက် အပူချိန်မြင့်တက်လာနိုင်ပြီး ရခိုင်ပြည်နယ် စစ်တွေနှင့် ကျောက်ဖြူအနီးမှ မေလ ၁၃ ရက်နေ့ မွန်းလွှဲနှငိ့ ညနေပိုင်းများတွင် ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။

လမ်းကြောင်း ၂ တွင် ယနေ့မှ စတင်ကာ နောက် ၈ ရက် အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်များတွင် လက်ရှိအပူချိန်ထက် 3-4C°အထိ အပူချိန်မြင့်တက်လာနိုင်ပြီးမုန်တိုင်းမှာ မေလ ၁၃ ရက်နေ့တွင် ဧရာဝတီတိုင်း လပွတ္တာနဲ့ ဘိုကလေးအနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်း တွက်ချက်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ