သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ် ဓားပြများက ရက္ခိုင်မှ မူဆလင် ၇ ဦးကို ပင်လယ်ပြင်တွင် ပြန်ပေးဆွဲ

AB News – မတ် ၂၂၊ ၂၀၂၅

ဘင်္ဂလားဒေ့ရှ် ဓားပြများက ရက္ခိုင်မှ မူဆလင် ၇ ဦးကို ပင်လယ်ပြင်တွင် ပြန်ပေးဆွဲမှုများ ရှိလာနေသည်။

ဘင်္ဂလားဒေ့ရှ်မှ ဓားပြ ၂၀ ကျော်သည် အာရက္ခပင်လယ်ပြင် ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး မူဆလင် ၇ ဦးကို ရိုက်နှက်ကာ ပစ္စည်းများကို လုယက်ပြီး ဘုတ်ပိုင်ရှင်ကိုပါ ပြန်ပေးဆွဲသွားခဲ့ကြောင်း သိရသည်။

မတ်လ ၁၉ ရက်နေ့တွင် ပေါက်တောမြို့နယ်၊ စစ်ကဲပြင်အောက်ရွာမှ မူဆလင် ၇ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေနံဆီများ ဝယ်ယူပြီး စက်လှေဖြင့် ပြန်လာစဉ် ကျောက်ပန္ဒူ အနီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အကြမ်းဖက် ဓားပြ ၂၀ ကျော်က စက်လှေဖြင့် လိုက်လံတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဓားပြများသည် တုတ်၊ ဓားများဖြင့် ခြိမ်းခြောက်ကာ ရိုက်နှက်၍ ရေနံဆီဂါလံ ၃၀ နှင့် ဖုန်း ၄ လုံးအပြင် စားနပ်ရိက္ခာများကိုပါ လုယက်သွားခဲ့သည်။

စစ်ကဲပြင်အောက်ရွာမှ အသက် ၃၅ နှစ်အရွယ် ဘုတ်ပိုင်ရှင် ဆော်လီမူလာကို ပြန်ပေးဆွဲသွားပြီး ကျန် ၆ ဦးကို ရိုက်နှက် နှိပ်စက်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပြန်လွှတ်ပေးခံရသူများမှာ အသက် ၃၂ နှစ်အရွယ် အီမာဟုဆွင်၊ အသက် ၂၀ အရွယ် အီမာန်၊ အသက် ၄၀ အရွယ် ဆောဒူရာမီ၊ အသက် ၂၄ နှစ်အရွယ် ဂျာဂူလာမီ၊ အသက် ၂၄ နှစ်အရွယ် မာမောက်နိုရိုနှင့် အသက် ၁၅ နှစ်အရွယ်တို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ချိန်ခါလိန် ကျေးရွာမှ ငါးဖမ်းနေသည့် ငါးဖမ်းဘုတ်သေး ၁ စီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းဘုတ်များ ဝင်တိုက်ပြီး ထွက်ပြေးသွားခဲ့သည်။

လက်ရှိတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DLEPS) တပ်ဖွဲ့ဝင်များသည် အဆိုပါ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် လိုက်လံရှာဖွေနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ