Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၀ ခုကို လိုင်စင်ရုပ်သိမ်း

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၀ ခုကို လိုင်စင်ရုပ်သိမ်း

ABN-ရာဟု

ဇူလိုင် ၁၃ ရက်

မြန်မာနိုင်ရှိ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်များရရှိထားသည့် ကုမ္ပဏီ ၁၀ ခုကို လိုင်စင်များ ပြန်လည်ရုပ်သိမ်းလိုက်​သည်ဟု ဇူလိုင်လ ၁၂ ရက် နေ့ရက်စွဲဖြင့် မြန်မာ့ဗဟိုဘဏ်က ထုတ်ပြန်ကြေညာလိုက်သည်ကိုတွေ့ရသည်။

ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် Money Changer License အား အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကုမ္ပဏီ ၁၀ခုကို ရုပ်သိမ်းလိုက်ခြင်းဖြစ်​သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗဟိုဘဏ်က ရုပ်သိမ်းလိုက်သည့် ကုမ္ပဏီများမှာ Kannan Trading Co.Ltd ၊ Net Change Co.Ltd ၊ Thira Aung Si Trading Co. Ltd ၊ Riverwood Group Co.Ltd ၊ Global Myanmar Services Co.Ltd ၊ D-Gold Trading Co.Ltd ၊ Aurum Image Co.Ltd ၊ Hi Welcome Travel @ Tours Co.Ltd ၊ Sweeties Pearls Co.Ltd ၊ Chase Travels နှင့် Tours Co.Ltd စသည့် ကုမ္ပဏီ ၁၀ခုတို့ဖြစ်ကြသည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေ လဲလှယ်ရာတွင် ပြင်ပပေါက်ဈေးထက် ပိုမို ရောင်းဝယ်ခြင်းများကို မကြာခဏတွေ့နေရပြီး ငွေကြေးစနစ် တည်ငြိမ်မှု မရှိစေရန် စျေးကစားခြင်းများ ပြုလုပ်နေသူများနှင့် ပါဝင်ပတ်သတ်နေသည့် ပြည်တွင်းဘဏ်များကိုပါ အရေးယူခံရမည်ဖြစ်ကြောင်း မေလကထုတ်ပြန်သတိပေး ပြောဆိုထားသည်။

ဘဏ်များအနေဖြင့် နိုင်ငံခြားသုံးငွေ ရောင်းဝယ်သည့် ဈေးကွက်အတွင်း ဘဏ်နှင့် ဖောက်သည်အကြား၊ ဖောက်သည်အချင်းချင်း များအကြားတွင် အရောင်းအဝယ်စာရင်းများကို အွန်လိုင်းဖြင့် ဗဟိုဘဏ်သို့ တင်ပြကာ ရောင်းဝယ်ရမည်ဟု ဇွန်လ ၂၁ရက်နေ့တွင် ဗဟိုဘဏ်က ထုတ်ပြန်ထားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။