သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗမာအပါအဝင် အဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးများ လွတ်မြောက်ရေး အပြင်းအထန်တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော်(AA) အားဂုဏ်ပြုကြောင်း မွန်နှင့်ပအိုဝ်းအဖွဲ့များထုတ်ပြန်

AB News-ဒီဇင်ဘာ၂၅၊၂၀၂၄

မြန်မာနိုင်င်ငံတစ်နိုင်ငံလုံးရှိ ဗမာအပါအဝင် ဘဝတူအဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးအသီးသီး၏ လွတ်မြောက်ရေး တိုက်ပွဲများနှင့် အပြန်အလှန်ဆက်စပ်၍ ပြည်သူတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် အာရက္ခတပ်တော်(AA)၏ နိုင်ငံရေးအမြင်ကျယ်စွာဖြင့် ပူပေါင်းဆောင်ရွက်နေသည်ကို အထူးပင် ဂုဏ်ယူသည်ဟု ပအိုဝ်းနှင့်မွန်အဖွဲ့အစည်း ၄ ခုက ချီးမွမ်းဂုဏ်ပြုကြောင်း ပြောဆိုထားသည်။

အာရက္ခတပ်တော်၏ စစ်ရေးအောင်မြင်မှုများနှင့် ပတ်သက်၍ ပအိုဝ်းနှင့် မွန်လူမျိုးတို့၏ လက်နက်ကိုင်အဖွဲ့များဖြစ်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ-စစ်အာအာရှင်ဆန့်ကျင်ရေး (NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ပေးပို့သောဂုဏ် ပြုသဝဏ်လွှာတွင်ပြောဆိုထားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား သိမ်းပိုက်နိုင်ခြင်းနှင့်အတူ မကြာမီကာလတွင် ရက္ခိုင်တစ်ပြည်လုံးရှိ စစ်ကောင်စီတပ်များ ကင်းစင်ပပျောက်သွားအောင် အာရက္ခတပ်တော် (AA) ၏ ဆက်လက်တိုက်ပွဲဝင်မှုနှင့် ရဲစွမ်းသတ္တိကို ဂုဏ်ပြုပါကြောင်း သဝဏ်လွှာတွင် ပြောဆိုထားသည်။

မွန်နှင့် ပအိုဝ်းတို့အနေဖြင့်လည်း တစိတ်တပိုင်း လွတ်မြောက်ရုံဖြင့် အားလုံးမလွတ်မြောက်နိုင်၊ အားလုံး လွတ်မြောက်မှသာ အစစ်အမှန်ကို အပြည့်အဝ ရရှိမည်၊ ယခုအောင်ပွဲသည် ရက္ခိုင်ပြည်သူတို့၏ အောင်ပွဲဖြတခုတည်းသာ မဟုတ်ဘဲတိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး၏ အောင်ပွဲလည်းဖြစ်သည် ဟု ခံယူထားကြောင်း ပြောဆိုထားသည်။

ရက္ခိုင်ပြည်သည် စစ်အာဏာရှင်စနစ်အောက်မှ ပထမဦးဆုံးလွတ်မြောက်လာမည့် အလားအလာကောင်း များရှိနေခြင်းနှင့်အတူ ရက္ခိုင်ပြည်လွတ်မြောက်ရေးတွင် သာရပ်တန့်မနေဘဲ တစ်နိုင်ငံလုံးရှိ ဗမာအပါအဝင် ဘဝတူ အဖိနှိပ်ခံ တိုင်ရင်းသားလူမျိုး အသီးသီး၏လွတ်မြောက်ရေးတိုက်ပွဲများနှင့် အပြန်အလှန်ဆက်စပ်၍ ပြည်သူ လူထုတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် ULA/AA က နိုင်ငံရေးအမြင်ကျယ်စွာဖြင့် ပူးပေါင်းဆောင်ရွက်နေသည်ကိုလည်း အထူးပင်ဂုဏ်ယူရကြောင်း ဆိုထားသည်။

ပြီးခဲ့သည် ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ MNTJP/MNDAA, PSLF/TNLA နှင့် ULA/AA ညီနောင်မဟာမိတ် ၃ ဖွဲ့၏နှစ်သစ်ကူးကြေညာချက်တွင် “MNTJP/MNDAA, PSLF/TNLA“မိမိတို့အားလုံးနှင့် မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားသော ဘုံရည်မှန်းချက်များ ပြည့်ဝစေရန်၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ရန်နှင့် စစ်အာဏာရှင် စနစ်ကို တိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယခုဖော်ပြချက်နှင့်အညီ နိုင်ငံတဝန်းလုံးတွင် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၊ ဒုတိယလှိုင်းလုံးများနှင့်အတူ လူထုတော်လှန်ရေး၏ အောင်ပွဲအဆင့်ဆင့်ကို ရရှိခဲ့ပြီး စစ်အုပ်စု၏ ရှုံးနှိမ့်မှုများကိုလည်း ပီပီပြင်ပြင် တွေ့မြင်နေရပြီးဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ