Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖားကန့်မြေပြိုမှုတွင် လူ ၃၇ဦးပျောက်ဆုံးနေရာမှ ယနေ့ ၆ဦး၏ ရုပ်အလောင်းကိုပြန်တွေ့

ABN-ထက်မြတ်ခင်

ဩဂုတ် ၁၅ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မနရွာအနီးတွင် ဩဂုတ်လ ၁၃ရက်နေ့ မွန်းလွဲ ၂နာရီ ၃၀မိနစ်အချိန်က လက်ကျင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် မြေစာပုံပြိုကျခဲ့သောကြောင့် လူ ၃၇ဦးအထိပျောက်ဆုံးခဲ့ပြီး ယနေ့သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ၆ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ဟုသိရှိသည်။

ထို့တွေ့ရှိထားသော ရုပ်အလောင်း ၆လောင်းထဲမှ ၂ဦး၏ အလောင်းကိုသာ အမည်ဖော်နိုင်ခဲ့ကာ မိုးများသည်းထန်စွာ ရွာသွန်းနေသောကြောင့် အလောင်းများသယ်ယူရန်အခက်ခဲရှိနေကြပြီး မြေပြိုကျခဲ့သည့်နေရာ၏အလယ်တွင် ရေများစိမ့်လျက်ရှိကာ အပေါ်တွင်လည်း ရေကန်ကြီးများရှိနေသောကြောင့် နောက်ထပ်မြေပြိုမည်ကို စိုးရိမ်ရသည်ဟုသိရသည်။

ပြိုကျခဲ့သည့် မြေပုံမှာ အမြင့်ပေ ၄၉၂ပေခန့်ရှိသောကြောင့် ပျောက်ဆုံးနေသူများမှာ အသက်ရှင်ရန်မသေချာဟု ပျောက်ဆုံးနေသူများအား ရှာဖွေနေသူများက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မြေစာပုံပြိုကျမှုကြောင့် နှစ်စဥ်နှစ်တိုင်း ကျောက်တူးသမားများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားလျက်ရှိသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်