Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖားကန့်မြေစာပုံ ပြိုကျမှုတွင် ပျောက်ဆုံးသူစာရင်း ၄၀ ကျော်ထိရှိလာနေပြီး ၂၅ဦး၏ရုပ်လောင်းကိုပြန်တွေ့ထားပြီဟု သိရ

ဖားကန့်မြေစာပုံ ပြိုကျမှုတွင် ပျောက်ဆုံးသူစာရင်း ၄၀ ကျော်ထိရှိလာနေပြီး ၂၅ဦး၏ရုပ်လောင်းကိုပြန်တွေ့ထားပြီဟု သိရ

ABN-ထက်မြတ်ခင်

ဩဂုတ် ၁၅ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မနရွာတွင် ဩဂုတ်လ ၁၃နေ မွန်းလွဲအချိန်က လက်ကျင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် မြေစာပုံပြိုကျမှုကြောင့် လူ ၄၀ ဦးကျော်ထိ ပျောက်ဆုံးခဲ့ကာ ယနေ့ ဩဂုတ်လ ၁၅ရက်နေ့ ညနေအချိန်ထိ ရှာဖွေရေးပြုလုပ်ရာတွင် ၂၅ဦး၏ ရုပ်လောင်းကိုတွေ့ရှိပြီဖြစ်ကြောင်းသိရသည်။

ထိုရုပ်အလောင်း ၂၅လောင်းထဲမှ ၂၀ဦး၏ရုပ်လောင်းမှာ မိသားစုများမှ သယ်ယူသွားကြပြီး နောက်ထပ် ၅ဦး၏ ရုပ်လောင်းမှာ မိသားစုများနှင့်အဆက်သွယ်မရသေးဟုသိရသည်။

မြေစာပုံပြိုကျပြီး ၂ရက်အကြာမှာပင် ပျောက်ဆုံးသောသူများ၏ ရုပ်လောင်းကို နွံကန်များ၌ တွေ့ရှိပြီး ၎င်းတို့၏ မိသားစုဝင်များလည်း

ရုပ်အလောင်းပြန်လည်ရရှိရန် ထိုနေရာမှာပင် စောင့်ဆိုင်းလျက်ရှိသည်ဟုသိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မြေစာပုံပြိုကျမှုကြောင့် နှစ်စဥ်နှစ်တိုင်း ကျောက်တူးသမားများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားလျက်ရှိသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်