
ABN-ရှိုင်းမိုး
ရှင်း နှင့် ကရင်နီပြည် နယ်စပ်ရှိ ဖယ်ခုံမြို့နယ်တောင်ဖက်ခြမ်း ဆောင်းဖွေးရွာရှိ ဆေးရုံကို ဧပြီ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုဆေးရုံးကို စစ်ကောင်စီတပ်မှ လေကြောင်း
တိုက်ခိုက်မှု (၅) ကြိမ်ပြုလုပ်ခဲ့ပြီး Mi 35 တိုက်လေ ယာဉ်ဖြင့် ကြဲချရာ မပေါက်ကွဲဘဲ ပေါင် ၅ဝဝ ဗုံး ၁ လုံးကျန်ခဲ့သည်ဟု သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သူနာပြုတယောက်အပါအဝင် ၃ ယောက်ဒဏ်ရာရသွားခဲ့ပြီး ထိုဆေးရုံလည်းပျက်စီးသွားခဲ့သည်ဟု ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖော်ပြထားသည်။
ထို တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ လူ ၃ ဦးရှိပြီး၊ ၁ ဦးမှာ စိုးရိမ်ရသည်ဟု သိရသည်။


