သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖမ်းဆီးရမိထားသည့် စစ်ကောင်စီအရာရှိများကို စိစစ်အရေးယူလားမည်ဟု AA ပြော

AB News – ဒီဇင်ဘာ ၂၂၊ ၂၀၂၄

အာရက္ခဒေသအတွင်း ဖမ်းဆီးရမိထားသည့် စစ်ကောင်စီအရာရှိများကို စိစစ်အရေးယူသွားမည်ဟု အေအေ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက AB News သို့ ဆိုသည်။

“ဖမ်းဆီးရမိထားတဲ့ မြန်မာဖက်ဆစ်စစ်တပ်က အကြမ်းဖက်စစ်အရာရှိကြီးတွေရဲ့ ပြည်သူတွေအပေါ် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေနှင့်ပတ်သက်ပြီးတော့ ကျနော်တို့ ULA/AA အနေနှင့်စနစ်တကျ သေသေချာချာစစ်ဆေးဖော်ထုတ်သွားမှာဖြစ်ပါတယ်’’ ဟု ဆိုသည်။

ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသည့် ကျူးလွန်သူတစ်ယောက်ချင်းစီကို ပြစ်မှုအပေါ်မှာ မူတည်ပြီး ပြစ်မှုနှင့် ပြစ်ဒဏ်မျှတအောင် စီစဥ်ဆောက်ရွက်ပြီး အပြစ်ပေးသွားမည်ဖြစ်ကြောင်း သူက ထပ်မံပြောဆိုထားသည်။

“ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင်တော့ သူတို့တယောက်ချင်းစီကျူးလွန်ခဲ့တဲ့ပြစ်မှုအပေါ်မှာမူတည်ပြီးမှ ပြစ်မှုနှင့်ပြစ်ဒဏ်မျှတအောင်စီစဉ်ဆောင်ရွက်အပြစ်ပေးသွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် အမ်းအခြေစိုက် နပခ ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ရရှိထားပြီး ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် ရုံးအုပ်ချုပ်ရေး အရာခံဗိုလ် အေးသိန်းတို့ကို လက်ရဖမ်းဆီးပြီး ထိန်းချုပ်ခဲ့ရသည်။

ထို့အတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် မောင်တောမြို့တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီး ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည်။

အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှု  ကျုးလွန်ခဲ့သည့် မြန်မာဖက်စစ် အရာရှိကြီးများကို အရေးယူဆောင်ရွက်ပေးရန် အာရက္ခတပ်တော်ကို တောင်းဆိုကြောင်း မြောက်ဦးမြို့ခံတစ်ဦးက AB News သို့ ဆိုသည်။

“အကြမ်းဖက်စစ်ကောင်စီဟာ ကျနော်တို့ ပြည်သူတွေကို ခေတ်အဆက်ဆက် အနိုင်ကျင့် ဗိုလ်ကျတယ်။ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျနော်တို့ ပြည်သူတွေကို သတ်ဖြတ်တယ်။ မြို့၊ ရွာတွေကို မီးရှို့တယ်။ အဲ့လို မိုက်မဲတဲ့ စစ်ရာဇဝတ်ကောင်တွေကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်” ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ပြည်သူများကို သတ်ဖြတ်ခြင်း၊ မြို့၊ ရွာများကို မီးရှို့ခြင်း၊ ဆေးရုံဆေးခန်းများ၊ ပညာရေးအဆောက်အဦးများ၊ ဘာသာရေးအဆောက်အဦးများကို ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်များကို ကျူးလွန်သည့်အပြင် ဆေးရုံဆေးခန်းများ၊ ပညာရေးအဆောက်အဦးများ၊ ဘာသာရေးအဆောက်အဦးများတွင် စခန်းချ တပ်စွဲလေ့ ရှိသည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်ရှိ မြို့နယ် ၁၃ မြို့နယ်ကို သိမ်းပိုက်ထားပြီး နောက်ထပ်သိမ်းပိုက်ရန် ဂွ၊ စစ်တွေ ၊ ကျောက်ဖြူ နှင့် မာန်အောင် (၄) မြို့သာကျန်ရှိတေ့ာပြီဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ