Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖက်ဒရယ်ဒီမိုကရေစီအတွက် ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမည်ဟု ၃၅ နှစ်မြောက် ချင်းအမျိုးသားတော်လှန်ရေးနေ့တွင် CNF ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီအတွက် ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမည်ဟု ၃၅ နှစ်မြောက် ချင်းအမျိုးသားတော်လှန်ရေးနေ့တွင် CNF ထုတ်ပြန်

ABN-မေအိအိအောင်

ယနေ့ မတ်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် ၃၅ နှစ်မြောက် ချင်းအမျိုးသားတော်လှန်ရေးနေ့တွင် ချင်းအမျိုးသားတော်လှန်ရေး၊ ချင်းတပ်မတော်အနေဖြင့် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ စနစ်လိုလားသော နိုင်ငံရေးရည်မှန်းချက်တူသည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နဲ့မဆို လက်တွဲပြီး အဆုံးတိုင်တိုက်ပွဲဝင်သွားမည်ဟု ကြောညာချက်ထုတ်ပြန်လိုက်သည်။

ယင်းအပြင် ချင်းလူမျိုးများဆုံးရှုံးခဲ့သည့်အခွင့်အရေးများအတွက် နိုင်ငံရေး၊ စစ်ရေး အပြင်သံတမံရေးရာ လှုပ်ရှားမှုများကို အရှိန်တိုးမြှင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိ တော်လှန်ရေးကာလအတွင်း ပြည်သူလူထုအနေဖြင့် မိမိကျွမ်းကျင်ရာ နယ်ပယ်မှ အရေးတော်ပုံအောင်မြင်ရေးအတွက် ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်ကြရန်လည်း တိုက်တွန်းထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ပြည်သူများဆုံးရှုံးခဲ့သည့် လူနေမှုဘဝများပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံရေးဦးတည်ချက်၊ ယုံကြည်ချက်၊ ခံယူချက်များတူညီသည့် အဖွဲ့အစည်းများပါဝင်ပြီး ချင်းလဲန်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးများကို တစ်ဆင့်ချင်း အကောင်အထည်ဖော်သွားမည်ဟု ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်