Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထုတ်ပြန်

AB News – မတ်လ ၂၂၊ ၂၀၂၄

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ မတ်လ ၂၂ရက်နေ့တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် စစ်သည်တော်ကျင့်ဝတ် ၁၀ချက်၊ ပစ်မှတ်သတ်မှတ်ခြင်းနှင့် ပတ်သတ်သည့် အချက် ၇ချက်၊ ဖမ်းဆီးထိန်းသိမ်းထားသူများအပေါ် ပြုမှုဆက်ဆံခြင်းနှင့် ပတ်သတ်သည့် အချက် ၈ချက်နှင့် အရပ်သားပြည်သူများအပေါ်  ပြုမှုဆက်ဆံခြင်းနှင့် ပတ်သတ်သည့် အချက် ၁၁ချက်၊ အမျိုးသမီး၊ လိင်စိတ်ခံယူမှုကွဲပြားသူ (LHBTIQ) နှင့် ကလေးများအပေါ် ပြုမှုဆက်ဆံခြင်းနှင့် ပတ်သက်သည့် အချက် ၆ချက်ကို လိုက်နာကြရန် ညွှန်ကြားထားသည်ကို တွေ့ရသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စည်းမျဉ်းစည်းကမ်းများအား မပျက်မကွက် လေးစားလိုက်နာနိုင်ရေးအတွက် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အမိန့်၊ ညွှန်းကြားချက်ထုတ်ပြန်မှုအပါအဝင် လိုအပ်သည်များဆောင်ရွက်ခြင်းတိုကို တပ်မှူးအဆင့်ဆင့်က တာဝန်ယူရမည်ဖြစ်ကြောင်း အတိအလင့် ထုတ်ပြန်ထားသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်