Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများ၏ လုပ်ခလစာထဲမှ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီထံပေးရန် အမိန့်ထုတ်

ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများ၏ လုပ်ခလစာထဲမှ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီထံပေးရန် အမိန့်ထုတ်

ABN-နွယ်စိုး

စက်တင်ဘာ ၂ဝ ရက်

ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏လစာမှ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ်ပေးထားသည့် ဘဏ်များကနေ ပြည်တွင်းသို့ မဖြစ်မနေ လွှဲပြောင်းပေးရမည်ဟု စစ်ကောင်စီက စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ ညွှန်ကြားချက်အရ ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားတစ်ဦးသည် တစ်လမှာ ဘတ် ၂ဝဝဝဝ ရရှိလျှင် ဘတ်ငွေ၅၀၀ဝ ပေးဆောင်ရမည်ဖြစ်ပြီး တစ်လ တစ်ကြိမ် သို့မဟုတ် ၃ လ တစ်ကြိမ်ပေါင်းပြီး မဖြစ်မနေ လွှဲပြောင်းပေးရမည်ဖြစ်သည်။

အဆိုပါ ငွေလွှဲပေးမှုနှင့် ပတ်သက်၍ အလုပ်သမားများနစ်နာမှုမရှိအောင် ၄င်းတို့၏ ငွေလွှဲမှတ်တမ်းများကိုအသုံးပြုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် အိမ်ခြံမြေများ ဝယ်ယူခြင်းများမှာ အခွန်ကင်းလွတ်ခွင့်ရရှိမည်ဟု ပြောဆိုထားသည်။

ယင်းအပြင် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် စစ်ကောင်စီ၏ စည်းကမ်းများကိုမလိုက်နာပါကာ လက်ရှိလုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးပြီးလျှင် ၃ နှစ်ကြာ နိုင်ငံခြားသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၄င်းတို့၏ လုပ်အားခမှ ၄ ပုံတစ်ပုံကို မြန်မာနိုင်ငံရှိအကြီးဆုံး ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည့် CBဘဏ်သို့ လွှဲပြောင်းပေးရမှာဖြစ်ပြီး လစဥ်သို့မဟုတ် သုံးလလျှင် တစ်ကြိမ် တရားဝင် လမ်းကြောင်းများမှ တစ်ဆင့် ပေးဆောင်ရမည်ဖြစ်သည်။

အဆိုပါ စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများ ကူညီရေး မဟာမိတ် ကော်မီတီမှ ကိုနေလင်းက “လုံးဝ လက်ခံနိုင်စရာ ကိစ္စမဟုတ်ကြောင်း” ပြောဆို ရှုပ်ချထားသည်။

“သူတို့ကို ခက်ခက်ခဲခဲနဲ့ ရထားတဲ့ ငွေတွေကို မပေးချင်ဘူး။ ကျွန်တော့တို့ ရတဲ့ လုပ်အားခတွေကနေ အခုလို ငွေလွှဲခ အခွန်ပေးဆောင်ရတာဟာ လုံးဝလက်မခံနိုင်စရာပါ။ ဒါဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို ခေါင်းပုံဖြတ်လိုက်တာပါ ” ဟု၄င်းက ပြောဆိုခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။