Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြည်ပရောက် မြန်မာလုပ်သားများ၏လစာထဲမှ ၂၅ ရာခိုင်နှုန်းအား စစ်ကောင်စီထံပေးဆောင်ရမည်ဟု အမိန့်ထုတ်ထားခြင်းနှင့်ပတ်သက်၍ ဘန်ကောက်မှာဆန္ဒပြ

ABN-နွယ်စိုး

စက်တင်ဘာ ၂၅ ရက်

ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာထဲက အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီထံပေးရမည်ဟု အမိန့်ထုတ်ခြင်းနှင့်ပတ်သက်၍ ယနေ့ ဘန်ကောက်မြို့တော်တွင် ထိုင်းရောက်မြန်မာအလုပ်သမားများ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လစာထဲမှ ၄ ပုံ ၁ ပုံကို တရားဝင် ငွေလွှဲစနစ်ဖြင့် ပြန်ပို့ရန် စစ်ကောင်စီက စီစဉ်နေခြင်းကို ဆန့်ကျင်သည့် အနေနှင့် ထိုင်းရောက် မြန်မာအလုပ်သမားများနှင့် အလုပ်သမားအရေး လှုပ်ရှားသူတချို့ ကုလသမဂ္ဂရုံး အပြင်ဖက်မှာ ဆန္ဒပြခဲ့ကြသည်။

ယင်းအပြင် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် စစ်ကောင်စီ၏အမိန့်ထုတ်ထားခြင်းကိုမလိုက်နာပါက လက်ရှိလုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးပြီးလျှင် ၃ နှစ်ကြာ နိုင်ငံခြားရပ်သို့ အလုပ်လုပ်ကိုင်သွားရောက်ခွင့်များကို ပိတ်ပင်ခံရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလထဲ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့သည့်အပေါ် အနောက်နိုင်ငံများက ပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် စီးပွားရေးနှင့် ဘဏ္ဍာရေးပြဿနာများပေါ်ပေါက်နေချိန်၌ စစ်ကောင်စီက ပြည်ပရောက် မြန်မာများဆီက မတရားငွေလွှဲခ အခွန်ကောက်ပြီး တောင်းစားဖို့ ခြေလှမ်းစလာနေခြင်း ဖြစ်သည်။

ထိုင်း၊ မလေးရှား၊ ဂျပန်နှင့် စင်္ကာပူမှ မြန်မာ အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံက မိသားစုများဆီသို့ ပြန်ပို့သည့် ငွေပမာဏမှာ ၂၀၂၂၊ နိုဝင်ဘာလ ၁ ရက်ကနေ ၂၀၂၃၊ ဧပြီလ ၂၈ ရက် အထိ ၆လ အတွင်း အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိသည်ဟု မြန်မာသံရုံးများက မကြာသေးခင်က သတင်းထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ