Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြည်ပရောက် မြန်မာကလေးငယ်များကို NUGက မွေးစာရင်းလက်မှတ်ထုတ်ပေးမည်ဟု ကြေညာ

ABN-နွယ်စိုး

မြန်မာနိုင်ငံမှ အကြောင်းမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်နေကြသော မြန်မာနိုင်ငံမိဘနှစ်ပါးမှ မွေးဖွားသည့် သားသမီးများကို ပြီးခဲ့သည် မတ်လ ၁ ရက်နေ့ကစ၍ မွေးစာရင်းလက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး (NUG) မှ ကြေညာလိုက်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူပြည်သားများအနေဖြင့် ကြုံနေရသော မလုံခြုံမှုနဲ့ ဒုက္ခအသီးသီးလျော့ပါသွားစေရန်အတွက် NUG မှ အဘက်ဘက်ကနေ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပေးကြောင်း NUG ၏ ပြည်ထဲရေးဝန်ကြီး နဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ကြေညာစာ၌ ဖော်ပြထားသည် တွေ့ရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ၏ ကလေးငယ်များမှာ မွေးစာရင်းအပါအဝင် စာရွက်စာတမ်းလိုအပ်ချက်ကြောင့် ကျောင်းဆက်တက်ရန် အခက်အခဲများကြုံနေရကြောင်း မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦး ဥပ‌ဒေ အထောက်အကူအပြုအဖွဲ့တာဝန်ခံ‌ ‌ဒေါ်သူဇာကြိုင်မှ ပြောကြားသည်။

‘’ထိုင်းဘက်ကို ရောက်လာတဲ့သူတွေက အမျိုးသမီးတွေ၊မိသားစုလိုက်တွေ၊ ကလေးတွေလည်းပါတယ်။ သူတို့ အဓိကကြုံရတာက အထောက်အထား စာရွက်စာတမ်းရဖို့ ခက်ခဲတာပါ။ ဥပမာ ကျောင်းနေအရွယ်ကလေးတွေဆိုရင် ဒီက Migrant ‌(ရွှေ့ပြောင်း) ကျောင်းတွေ ဆက်တက်ဖို့ စာရွက်စာတမ်း မပြည့်စုံတာမျိုး၊ မွေးစာရင်းတို့ ဘာတို့ပေါ။ အဲဒါကြောင့် ကျောင်းတက်ဖို့ ခက်ခဲတာတွေ ကြုံရတယ်’’ ဟု ‌‌ဒေါ်သူဇာကြိုင်က ဆိုသည်။

ထို့အပြင် NUGမှ ထုတ်ပေးသည့်မွေးစာရင်း လျှောက်ထားလိုသူများသည် NUG ပြည်ထဲရေးဝန်ကြီးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝတ်ဆိုက် စာမျက်နှာတွင် မွေးစာရင်းဖောင်ကို မြန်မာ( သို့) အင်္ဂလိပ်ဘာသာဖြင့် ဖြည့်သွင်း၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့အထိ ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူ အရေအတွက်မှာ ၁ ဒဿမ ၅ သန်းအထိ မြင့်တက်လာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN – OCHA )၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ပရောက် မြန်မာကလေးငယ်များကို NUGက မွေးစာရင်းလက်မှတ်ထုတ်ပေးမည်ဟု ကြေညာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ