Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြည်တွင်း၊ ပြည်ပနိုင်ငံတကာအဖွဲ့အစည်းများနှင့် မီဒီယာများ သတင်းအချက်အလက် ပကတိ အမှန်တရားရယူရန် ULA ကလိုလိုလားလား လက်ခံ ကြိုဆို

( နိုင်ငံတကာအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များနှင့် အတူလက်တွဲပြီး အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများတွင် လက်တွဲဆောင်ရွက်ရန်အသင့်ရှိဟု AA ပြော)

ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများပြင်းထန်နေသည့်အချိန်တွင် အဖွဲ့အစည်းအချို့မှ သတင်းတု၊ သတင်းမှားများဖြင့်တိုက်ခိုက်နေသည့်အတွက် ပြည်တွင်း၊ ပြည်ပနိုင်ငံတကာအဖွဲ့အစည်းများနှင့် မီဒီယာများ သတင်းအချက်အလက် ပကတိ အမှန်တရားရယူရန် ULA က လိုလိုလားလားလက်ခံ ကြိုဆိုသည့်အပြင် နိုင်ငံတကာအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များနှင့် အတူလက်တွဲပြီး အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများတွင် လက်တွဲဆောင်ရွက်အသင့်ရှိကြောင်း ယနေ့တွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မီဒီယာများအနေဖြင့်လည်း အာရက္ခဒေသတွင်း၌ လတ်တလောဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များ၏ ပကတိအမှန်တရားကို ဘက်လိုက်မှုမရှိဘဲ သတင်း ကျင့်ဝတ်နှင့်လျော်ညီစွာ သတင်းရယူနိုင်ရေးအတွက် မိမိတို့အဖွဲ့အစည်းမှ လိုလိုလားလား လက်ခံကြိုဆိုလျက်ရှိ ပါကြောင်း ULA ကဆိုသည်။

မိမိတို့သည် အမှန်တရားကိုလိုလားပြီး မည်သည့်အကြမ်းဖက်လုပ်ရပ်ကိုမဆို ဆန့်ကျင် ကန့်ကွက်ရှုတ်ချ ပါသည်။ ထို့အတူ နိုင်ငံတကာအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များနှင့် အတူလက်တွဲပြီး အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများတွင် လက်တွဲဆောင်ရွက်၍ရသော ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် အမြဲအသင့်ရှိကြောင်းလည်း ဖော်ပြထားသည်။

ထို့ကြောင့် ဘူးသီးတောင်၊ မောင်တော ဒေသ၏ လက်ရှိအရေးကိစ္စများနှင့်ပတ်သက်၍ မိမိတို့အဖွဲ့အစည်းကို မလိုလားသော အဖွဲ့အစည်းများ၊ အုပ်စုများ၏ လုပ်ကြံစွပ်စွဲချက်များနှင့် ကွဲလွဲနေသော ပကတိ မြေပြင်အမှန် တရားများကို ကွဲကွဲပြားပြား၊ မှန်မှန်ကန်ကန် သိရှိနိုင်စေရန်အတွက် မိမိတို့ အဖွဲ့အစည်းထံ အချိန်မရွေး ဆက်သွယ် နိုင်ကြောင်း အသိပေးထားသည်။

ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ