Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြစ်ဒဏ်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်သား ၆၄၅ယောက်အား စစ်မှုပြန်ထမ်းရန် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားစာထုတ်ပြန်

ပြစ်ဒဏ်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်သား ၆၄၅ယောက်အား စစ်မှုပြန်ထမ်းရန် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားစာထုတ်ပြန်

AB News – ဒီဇင်ဘာ ၂၄၊ ၂၀၂၃

စစ်မှုပြန်လည်ထမ်းဆောင်ရန် မြန်မာပြည်ရှိ ထောင်များတွင် ပြစ်ဒဏ်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်သား ၆၄၅ ယောက်ကို လွတ်ငြိမ်းခွင့်ပေးရန် အကျဉ်းဦးစီဌာန၊ ညွှန်ကြားရေးမှူးသို့ ဒီဇင်ဘာ ၂၁ ရက်နေ့က ညွှန်ကြားလိုက်သည်ကို တွေ့ရသည်။

စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာနသည် ၎င်းညွှန်ကြားစာအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့်က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်သို့ ထပ်ဆင့်ညွှန်ကြားခဲ့သည်။

ဒီဇင်ဘာလ၂၁ ရက်နေ့တွင် အကျဉ်းဦးစီးဌာနညွှန်ချုပ်ရုံးမှ မြန်မာပြည်ရှိ အကျဉ်းဦးစီးမှူးများသို့ ပြစ်ဒဏ်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ထောင်သား ၆၄၅ ယောက်ကို လွတ်ငြိမ်းခွင့်ပေးရန် ထပ်ဆင့်ညွှန်ကြားခဲ့သည်။

“တပ်မတော်ကာကွယ်ရေးဦးစီးဌာန၏အမိန့်ထုတ်ပြန်ချက်နှင့်အညီ အကျဥ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အရာရှိ/စစ်သည်ဟောင်းများအနက် စစ်သည် ၆၄၅ တို့သည် ပြန်လည်စစ်မှုထမ်းရန် ဆန္ဒပြုလာသဖြင့် အကျဉ်းကျခံနေသော နေရာမှ ပြန်လည်လွှတ်ပေးရန် ညွှန်ကြားသည်” ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလပထမအပတ်တွင်လည်း စစ်ကောင်စီအဖွဲ့သည် စစ်မှုပြန်ထမ်းရန် ထောင်သားများကို ခိုးထုတ်ပြီး စစ်မှုထမ်းခိုင်းခဲ့သည့် သတင်းများ လူမှုမီဒီယာများတွင် ပြန့်နှံ့ခဲ့သည်။

စစ်ကောင်စီအဖွဲ့သည် မြန်မာပြည်အနှံ့တိုက်ပွဲများအတွင်း တပ်ရင်းလိုက် ချေမှုန်း သုတ်သင်ခံရခြင်း၊ စခန်းများသိမ်းပိုက်ခံရခြင်း၊ မြို့များ သိမ်းပိုက်ခံရခြင်းများကြောင့် ထောင်သားများကိုပင် ရှေ့တန်းပို့ အသေခံခိုင်းရန် ပြင်ဆင်လာခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်