Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြင်ဦးလွင်အနီးသို့ ၁၀၂၇ စစ်ဆင်ရေး ညီနောင်မဟာမိတ်သုံးဖွဲ့ ထိုးစစ်ဆင်လာနေ

ပြင်ဦးလွင်အနီးသို့ ၁၀၂၇ စစ်ဆင်ရေး ညီနောင်မဟာမိတ်သုံးဖွဲ့ ထိုးစစ်ဆင်လာနေ

AB News-နိုဝင်ဘာ ၁ ရက်

၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့တို့သည် ပြင်ဦးလွင်အနီးသို့ ထိုးစစ်ဆင်လာနေကြောင်း သိရသည်။

၎င်းတို့ အဓိကပစ်မှတ်ထားသည့် စစ်ကောင်စီ စစ်တက္ကသိုလ် ( DSA) နှင့် အခြေချထားသည့် စစ်စခန်းများကို သိမ်းပိုက်ရန်ကြိုးစားနေကြောင်း တွေ့ရသည်။

စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လာနေခြင်းနှင့် အင်းအားဖြည့်တင်းလာမှုများ အဆက်မပြတ်လုပ်ဆောင်နေကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်းတွင် ပြင်ဦးလွင်-မိုးကုတ်လမ်းသစ်အနီးတွင် ၂ ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့တွင်လည်း စစ်ကောင်စီ၏ စစ်တပ်ယာဥ်တန်းသည် မိုးကုတ်လမ်းခွဲအနီးသို့ ​သွားရောက်စဥ် ခရီးသည်တင်ကားများ နှင့် ကုန်တင်ကားများ ရပ်နား​ထားခဲ့ရကြောင်း တွေ့ရသည်။

၁၀၂၇ စစ်ဆင်ရေးတွင် MNDAA၊ TNLA၊ AA အပါအဝင် တခြားပူပေါင်း မဟာမိတ်အဖွဲ့များစွာပါရှိသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့ပေါ်ရှိ ပြည်သူလူထုများမှာလည်း စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။

တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေသည့်အတွက် နေပြည်တော်ရှိ စစ်တပ်မိသားစု၊ ဌာနဆိုင်ရာ မိသားစုဝင်များမှ တပ်သားများလည်း အမြောက်အများထွက်ပြေးနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ