Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပဲခူးတိုင်း KNU တပ်မဟာ (၃)နယ်မြေတွင် စစ်ကောင်စီကပစ်သည့် လက်နက်ကြီးထိမှန်၍ ဆယ်တန်းကျောင်းသားတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ မိသားစုဝင် သုံးဦးဒဏ်ရာရ

ပဲခူးတိုင်း KNU တပ်မဟာ (၃)နယ်မြေတွင် စစ်ကောင်စီကပစ်သည့် လက်နက်ကြီးထိမှန်၍ ဆယ်တန်းကျောင်းသားတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ မိသားစုဝင် သုံးဦးဒဏ်ရာရ

ABN-မေအိအိအောင်

သြဂုတ် ၄ ရက်

ပဲခူးတိုင်းတွင် စစ်ကောင်စီကပစ်သည့် လက်နက်ကြီးကျည်ကြောင့် ဆယ်တန်းကျောင်းသား တစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး မိသားစုဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ် အတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်မှာ ခမရ (၅၉၉)နှင့် ခမရ(၂၇၄)တပ်တို့ဖြစ်သည်။

စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့၍ မုန်းမြို့နယ်မှ အရပ်သားတစ်ဦး သေဆုံးပြီး (၃)ဦးဒဏ်ရာရကာ ကျောက်ကြီးမြို့နယ်မှ ဆယ်တန်းကျောင်းသားတစ်ဦး သေဆုံးခဲ့သည်။

သြဂုတ်လ ၂ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်၏ ခမရ (၅၉၉)တပ်မှ ပစ်သည့် (၈၁)မမ လက်နက်ကြီး ၁ လုံးမှာ မုန်းမြို့နယ် မွေတွင်းကျေးရွာရှိ နေအိမ်တစ်လုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ယင်းနေအိမ်မှ အသက် ၇၁ နှစ်အရွယ် ဦးတင်ဦး၊ အသက် ၃၉ နှစ်အရွယ် မဇင်မာဝင်း နှင့် အသက် ၆ နှစ်အရွယ် ချစ်ဖုန်းသွယ်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အသက် ၃၇ နှစ်အရွယ် မသီတာအေးမှာ လက်နက်ကြီးဒဏ်ရာကြောင့် နေရာမှာပင် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ယမန်နေ့ ဩဂုတ် ၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ ခမရ (၂၇၄)မှ ကျောက်ကြီးမြို့နယ် သမင်အင်းကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား ပိုင်စိုးသူ၏ ဦးခေါင်းတွင် လက်နက်ကြီးကျည်စ ထိမှန်၍ သေဆုံးခဲ့ရကြောင်း သိရသည်။

အလားတူ ယမန်နေ့ သြဂုတ်လ ၃ ရက်နေ့တွင်ပင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံးပျက်စီးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လွယ်ကုန်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်၍ အမျိုးသမီး တစ်ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ