Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၄ ဦးသေဆုံး

ABN-မေအိအိအောင်

ဇူလိုင် ၂၄ ရက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီကပစ်သည့် လက်နက်ကြီး နေအိမ်တွင်ကျရောက်ပေါက်ကွဲ၍ မိသားစုဝင် ၄ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းအရသိရသည်။

ယမန်နေ့ ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းတွင် ကျောက်တံခါးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ သမင်အင်ကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အဆိုပါရွာမှ မိသားစုဝင် ၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသွားသည့် မိသားစုဝင် ၄ ဦးမှာ နေအိမ်တွင် အိပ်နေချိန်လက်နက်ကြီးကျည်ကျ၍ သေဆုံးသွားခြင်းဖြစ်သည်။

လက်နက်ကြီးဖြင့်ပစ်သည့် စစ်ကောင်စီတပ်မှာ ခလရ ၂၆၄ ၊ ခမရ ၃၀၇၊ ခမရ ၃၀၈ တပ်များကပစ်ခြင်းဖြစ်ပြီး သမင်အင်ကုန်းကျေးရွာအတွင်း လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ကျောက်တံခါးမြို့၊ ပဲနွယ်ကုန်းမြို့ပေါ်အထိ ရောက်ရှိလာသည်ဟု ဆိုကာ ကျေးရွာနေပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီကပစ်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး အရပ်သားပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၄ ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ