Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပဲခူးတိုင်းတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသည့် ကလေးငယ်မှာ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ ကော့ပြင်းရွာမှ အသက် ၇နဈအရှယျ မသွန်းဝတီကျော်ဖြစ်သည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှ တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများပစ်ခတ်ရာမှ ကော့ပြင်းရွာမှ မသွန်းဝတီကျော်၏ နေအိမ်သို့ကျရောက်ပေါက်ကွဲသဖြင့် အသက် ၇ နှစ်အရွယ်မိန်းကလေးငယ်မှာ သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသုံး ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ရာ မကွေးတိုင်း ဆောမြို့နယ်၊ ညောင်ကန်ရွာမှ အရပ်သား ၄ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး နေအိမ်အများအပြားလည်း ပျက်စီးခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ