သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ တပ်သား ၁၇ ဦး သေဆုံး



‎ABNews – နိုဝင်ဘာ ၁၆ ၊ ၂၀၂၅
‎ဂျူလိုင်

‎မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို ဒေသခံ ပြည်သူတော်လှန်ရေးတပ်ဖွဲ့များ ၂ ကြိမ်တိုင် ကြားဖြတ်တိုက်ခဲ့ခြင်းကြောင့် စကမတပ်သား ၁၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း ဒေသခံ ပြည့်သူ့တော်လှန်ရေးတပ်ဖွဲ့များမှတဆင့် သိရသည်။

‎ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့မှစ၍ ပေါက် ကပစ ၂၂ မှတဆင့် တမ ၉၉ လက်အောက်ခံ ခမရ ၁၄၊ ၁၉၊ ၁၀၉ တို့မှ တပ်သားအင်အား ၄၀၀ ခန့်ပါဝင်သော အကြမ်းစစ်ကော်မရှင်စစ်ကြောင်းကို ဒေသခံ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၃ ရက်နေ့တွင် တစ်ကြိမ် ၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ပေါက်မြို့နယ် ၊ ကျောက်ကာကျေးရွာအနီး အင်အား ၁၅၀ ဖြင့် စစ်ကြောင်းထိုးလာသော စကမ တပ်ကို ပြည်သူ့တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင်း စကမတပ်သား ၁၀ ဦးကျော် သေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

‎သေဆုံးခဲ့သော တပ်သားအလောင်းများအား စွန့်ပစ်ထားခဲ့ပြီး ဒဏ်ရရှိသူများကို ခေါ်ဆောင်ကာ ပင်တောင်ပျူရွာဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

‎၎င်းစစ်ဆင်ရေးကို ပေါက်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ ပကဖ နှင့် MGY PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎အလားတူ နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ပေါက်မြို့နယ် ၊ သီးချောက်ရွာ အရှေ့ဘက်သို့ အင်အား ၁၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကို ယောချောင်းအရောက်မှာ ဒေသခံပြည်သူ့တော်လှန်ရေးတပ်ဖွဲများ တိုက်ခိုက်ခဲ့ရာ စကမတပ်သား အလောင်း ၇ လောင်းနှင့် လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

‎ယင်းတိုက်ပွဲအတွင်း စကမတပ်မှ MA 1၂ လက် ၊ MA2 ၁ လက်၊ MA3 ၁ လက်၊ ကာဗိုင်သေနတ် ၁ လက်၊ MA ဘောက်ဝိုင်း ၃ ခု၊ MA ဘောက် ၁၉ ခု၊ ကျည်အမျိုးမျိုး ၁၅၀၀ ခန့်၊ 60 mm ၅ ဖူး၊ RPG ၇ ဖူး၊ အီနာဂါ ၁၀ ဖူး၊ တိုက်မိုင်း ၆ လုံး၊ နင်းမိုင်း ၅ လုံး၊ စလစ်မိုင်း ၅ လုံး၊ လက်ပစ် ၆ လုံး၊ ဆက်သွယ်ရေးစက်အကြီး ၁ လုံး ( စကားပြောစက် ၂ ခု) ၊ ကွန်ပျူတာ ၁ လုံး၊ Bluetooth box ၁ လုံး၊ ရေချိုင့် ၂ လုံး၊ ဓား ၃ လက်၊ ဖုန်း ၂ လုံး၊ စစ်သုံးကျောပိုးအိတ် ၁၃ လုံး၊ ခေါက်ဆိုလာ ၂ ခု၊ မီးကြိုးခွေ ၃ ခု၊ ပါဝါဘတ် ၁ လုံးအပါဝင် စစ်အသုံးဆောင်းပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

‎၎င်းစစ်ဆင်ရေးကို ပေါက် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ နှင့် ပေါက် – ဆိပ်ဖြူတပ်ရင်းစုဖွဲ့များမှ ပူးပေါင်းဆောင်းရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ