AB News-ဇူလိုင် ၁၈၊ ၂၀၂၅
ပေါက်တောမြိုနယ်က မင်းပြားမြိုနယ်မှာ စစ်ဘေးရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေထဲက စစ်ရှောင် ၂၀ ဝန်းကျင်ဟာ ၁ နှစ်ကျော်ကာလအတွင်း ဆင်းရဲမွဲတေမှုနှင့် အငတ်ဘေးဒဏ်ကြောင့် သေဆုံးသွားကြပြီလို စစ်ရှောင်တွေက Arakan Bay News ကိုပြောပါတယ်။
AB News က ကွင်းဆင်း သတင်းရယူတဲ့ခါ ရရှိခဲ့တဲ့ စာရင်းအရင်းအရ သေဆုံးခဲ့သူများအနက် ၁ လသားအရွယ် ကလေးတစ်ဦး အပါအဝင် သက်ကြီးပိုင်းအရွယ် ၁၆ ဦး ပါဝင်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။
စခန်းတာဝန်ခံ ဦးကျော်လှိင်က” စစ်ဘေးရှောင်တွေက ဆေးခန်းပြဖို ပိုက်ဆံမရှိဘူး။ ၂ဝ ကျော်လောက် သေသွားပါပြီ”ဟုဆိုသည်။
စစ်ဘေးရှောင်တွေဟာ ကယ်ဆယ်ရေးအထောက်အပံ့မရတာ ၈ လခန့်ရှိနေပါပြီ။ သူတိုဟာ အသက်ရှင်သန်ရေးအတွက် မင်းပြားမြို၊ မြောက်ဦးမြိုသို လာရောက်ပြီး မေတ္တာရပ်ခံ (အလှူခံ) စားသောက်နေကြရပါတယ်။ နေမကောင်းဖြစ်ရင်လည်း ဆေးကုသဖို ငွေကြေးအခက်အခဲဖြစ်နေကြရပါတယ်။