AB News-ဧပြီ ၄၊ ၂၀၂၅
ရက္ခိုင်မှာ စစ်ဘေးရှောင် ၅ သိန်းကျော်ထိ ရှိနေပြီး ၎င်းတို့မှာ ကူညီကယ်ဆယ်ရေး မရရှိတာကြောင့် စားဝတ်နေရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေကြရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်တွေက စစ်ဘေးရှောင်အများစုမှာ တစ်အိမ်ဝင် တစ်အိမ်ထွက် တောင်းရမ်းစားသောက်နေကြရတာကို AB News က သတင်းထောက်တွေ ကိုယ်တွေ့ မြင်နေကြရပါတယ်။
တောင်းရမ်းစားသောက်နေရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကို AB News က လျပ်တပြက် အင်တာဗျူး မေးထားတာကို တင်ပြပေးလိုက်ရပါတယ်။