သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် လူနာတင်ကားနှင့် ဆိုင်ကယ် ယာဥ်တိုက်မှုဖြစ်ပွား၍ ၂ ဦး ဒဏ်ရာရ

AB News – နိုဝင်ဘာ ၂၀ ၊ ၂၀၂၅
ဂျူလိုင်

ပုဏ္ဏားကျွန်းမြို့နယ်၊ ကင်းချောင်းတံထားအနီး၌ ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၉ နာရီခန့်အချိန်တွင် ယာဥ်တိုက်မှုဖြစ်ပွားပြီး ၂ ဦး ဒဏ်ရရှိသွားကြောင်း သိရသည်။

အရေးပေါ်လူနာပို့ဆောင်ရန်သွားသောလူနာတင်ကားနှင့် ဆိုင်ကယ် မတော်တဆတိုက်မိခြင်းဖြစ်ပြီး ဆိုင်ကယ်စီးနှင်းလိုက်ပါလာသူ ၂ ဦးမှာ ဒဏ်ရာရှိသွားကြောင်း ADYO အသင်းနာယက က AB News သို့ ပြောဆိုသည်။

“မြို့ပေါ်သို့ အရေးပေါ်လူနာသွားပို့တာမှာ ကင်းချောင်းတံထားနား အရောက်မှ တဖက်က ဆိုင်ကယ်စီးလာသူနှစ်ဦးက အရှိန်မထိန်းနိုင်ဘဲ ကားကို ဝင်တိုက်လိုက်တာပါ။ ဆိုင်ကယ် မောင်နှင်သူနဲ့ လိုက်ပါသူတွေ ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဆိုသည်။

ဆိုင်ကယ်စီးနှင်းလာသူ ၂ ဦးမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

လက်ရှိ ရက္ခိုင်တွင် ယာဥ်မတော်တဆဖြစ်ပွားမှု မြင့်တက်နေပြီး၊ ယာဥ်မတော်တမှုနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ပိုမို လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ပုဏ္ဏားကျွန်းဒေသခံတစ်ဦးမှ AB News သို့ ပြောသည်။

“အခုတော့ ယာဥ်စည်းကမ်းနဲ့ ပတ်သက်လို့ အသိပညာပေးမှုတွေကို မြို့ဘက်တွေမှာ လုပ်နေတာ တွေ့ရတယ်။ ဒါပေမယ့် နယ်ဘက်တွေမှာတော့ သိပ်မတွေ့ရဘူး။ ခုက ယဥ်မောင်းလိုင်စင်လည်း မစစ်ဘူး။ ရှိလည်းမရှိကြဘူးလေ၊ ဒါတွေလုပ်ဖို့ လိုအပ်တယ်လို့ ကျွန်နော်ထင်တယ်။ ကား၊ ဆိုင်ကယ်တွေကို ဝယ်ချင်သလို ဝယ်ပီး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း မသိဘဲ မောင်းချင်သလို မောင်းနေကြတာ ကြာလာတော့ လမ်းတောင် သိပ်မဖြတ်ကူးရဲတော့ဘူး” ဟု ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ