သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး လမစေ့ဘဲ ကလေးမွေးဖွားပြီးနောက် မွေးကင်းစ ကလေးငယ်သေဆုံး

AB News – ဒီဇင်ဘာလ ၅၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှာင်အမျိုးသမီးတစ်ဦး လမစေ့ဘဲ ကလေးမွေးဖွားပြီးနောက် မွေးကင်းစ ကလေးငယ် သေဆုံးသွားခဲ့ကြောင်း AB News က ကွင်းဆင်းသတင်းရယူစဥ် တွေ့ရှိခဲ့ရသည်။

သေဆုံးသွားခဲ့သည့် ကလေးငယ်မှာ ပုဏ္ဏားကျွန်းမြို့ ၊ မြို့သစ်ရပ်ကွက်မှဒေါ် အေးတင်ရွှေ၏ ကလေးငယ် ဖြစ်သည်။

သူမသည် ပုဏ္ဏားကျွန်းမြို့နယ် သဲဖြူချောင်းရွာ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်နေရသည့် ကိုယ်ဝန်သည်တစ်ဦးဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဝမ်းနာ၍ နီးစပ်ရာ ဆေးရုံတစ်ခုတွင် အရေးပေါ် ခွဲစိပ်မွေးဖွားခဲ့ရခြင်းဖြစ်ကာ ကလေးငယ်မှာ မွေးဖွားပြီး ၃ နာရီခန့်အကြာတွင် သေဆုံးသွားကြောင်း မိသားစုဝင်တစ်ဦးက AB News သတင်းထောက်များကို ပြောသည်။

“သူမက စစ်ဘေးရှာင်နေတာပါ။ ကလေးမွေးဖွားဖို့ ဆေးရုံကိုသွားပါတယ်။ ကိုယ်၀န်က လမစေ့သေးဘူး။ ၇ လပဲရှိသေးတယ်။ ဝမ်းနာလို့ ဆေးရုံသွားပြရတာပါ။ ကလေးက မွေးပြီး ၃ နာရီလောက်ပဲ အသက်ရှင်ခဲ့ပါတယ်။ ကလေးကချစ်စရာလေးပဲ” ဟုဆိုသည်။

ရက္ခိုင်တွင် ၂၀၁၉ ခုနှစ်ကတည်းကစပြီး စစ်ကောင်စီ၏ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်မှု၊ ဆေးဝါးဖြတ်တောက်ထားမှုများကြောင့် မိခင်နှင့် ကလေးငယ်များ ကာကွယ်ဆေးမထိုးကြရဟု သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ဆေးရုံ ဆေးခန်းများအား ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် ဆေးရုံအများစုကို ပိတ်ထားရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ