သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့ကို စစ်တွေရှိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် လှမ်းပစ်၊ ဆေးရုံနှင့် ပြည်သူပိုင် နေအိမ် အချို့ မီးလောင်

AB News – မတ် ၂၈ ၊ ၂၀၂၅

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ကို စစ်တွေအခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ့ဆေးရုံနှင့် ပြည်သူပိုင် နေအိမ်အချို့မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ၊ မတ် ၂၇ ရက်နေ့ တွင် စစ်တွေအခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့ကို လက်နက်ကြီးများ တရက်စပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံပြည်သူ ၁ ဦး က AB News သို့ပြောသည်။

”စစ်တွေကနေပြီးတေ့ာ လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်တာတွေရှိတယ်။ မနေ့ကလည်း လက်နက်ကြီးတွေနဲ့ပစ်လို့ ပုဏ္ဏားကျွန်းမြို့ပေါ်က ဆေးရုံနှင့် နေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်” ဟု ဆိုသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားသော နေအိမ်များကို အာရက္ခတပ်တော် (AA) ၏ မီးသတ်အဖွဲ့ကမီးငြိမ်းပေးခဲ့သည်ကိုလည်း တွေ့ရသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးသွားသည့် အသေးစိတ်အချက်လက်များကို AB News မှ စုံစမ်းစစ်ဆေးလျှက် ရှိသည်။

နှစ်ဖက်စစ်ရေးပြင်းထန်နေသည့် စစ်တွေမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မြို့တွင်းတွင် အရင်ကထက် လုံခြုံရေးအခိုင်အမာချထားကြောင်း သိရှိရသည်။

အာရက္ခတပ်တော် AA က ရက္ခိုင်ပြည်တစ်ခုလုံးကို အလုံးစုံထိမ်းချုပ်နိုင်ရန် စစ်တွေ ၊ ကျောက်ဖြူနှင့် မာန်အောင် ၃ မြို့သာ ကျန်ရှိတေ့ာသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ ၊ နံနက်ပိုင်းအချိန်တွင်လည်း စစ်တွေအခြေစိုက် စစ်ကောင်စီအမှတ် (၁၂) ရဲတပ်ရင်း နှင့် ရေတပ်နေဗီများကလက်နက်ကြီးများဖြင့်ပစ်ခတ်၍ စစ်တွေမြို့နယ်နှင့် နီးကပ်စွာတည်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ စပါးထားကျေးရွာတွင် ကျရောက် ပေါက်ကွဲကာနေအိမ် (၉) လုံးမီးလောင် သွားခဲ့သည်။

ဓာတ်ပုံ/ပုဏ္ဏားကျွန်းမြို့အတွင်း မတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကျရောက်၍ နေအိမ်အချို့ မီးလောင်နေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ