သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းနယ်တွင် ဆိုင်ကယ် ၂ စီးမျက်နှာချင်းဆိုင်တိုက်မှုဖြစ်၍ ဆိုင်ကယ်မောင်းသူ ၂ ဦးပြင်းထန်ဒဏ်ရာရ

AB News – ဒီဇင်ဘာလ ၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂန့်ဂေါ်တစ်ထောင်ဘုရားအရှေ့ဖက် လမ်းမပေါ်တွင် ဆိုင်ကယ် ၂ စီးမျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ အမျိုးသား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း AB News က ကွင်းဆင်းတွေ့ရှိခဲ့ရသည်။

ဒဏ်ရာ ပြင်းထန်ရရှိသွားသူများမှာ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းပိုင်းရပ်ကွက်မှ စစ်ဘေးရှောင် စုစုမိုး၏အမျိုးသားဖြစ်သူ အသက် ၃၅ နှစ်အရွယ်၊ အောင်မင်းစိုးနှင့် ပုဏ္ဏားကျွန်းမြို့နယ် နတ်ဆိပ်ရွာမှ သိန်းသန်းစိုး၏အမျိုးသားဖြစ်သူ အသက် ၃၈ နှစ်အရွယ် မောင်သိန်းဌေးဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၄ ရက်၊ နံနက် ၁၁ နာရီကျော်အချိန်တွင် အောင်မင်းစိုးသည် ၎င်း၏နေအိမ်မှ သရက်ချိုကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် သွားရာ  နတ်ဆိပ်ရွာဘက်မှ မောင်းနှင်လာသည့်ဆိုင်ကယ်နှင့် ဘုရားအရှေ့ဖက်ကားလမ်းတွင် မျက်နှာချင်းဆိုင် တိုက်မိ၍ ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” သူက ဆိုင်ကယ်နဲ့ သရက်ချိုရွာဘက်ကို ငွေပေးဖို့ ဆိုင်ကယ်နဲ့သွားပါတယ်။ နတ်ဆိပ်ဘက်က မောင်းလာတဲ့ဆိုင်ကယ်နဲ့ မျက်နှာချင်းဆိုင်တိုက်မိသွားတယ်။ ဘုရားအရှေ့က လမ်းမပေါ်မှာတိုက်ကြတာပါ။ ၂ ယောက်လုံး ပြင်းထန်ဒဏ်ရာရသွားတယ် “ဟုဆိုသည်။

ဆိုင်ကယ်တစ်စီးတွင် လူ ၂ ယောက်ချင်းစီ စီး၍မောင်နှင်လာခဲ့ပြီး စက်အရှိန်မထိန်းနိုင်ဘဲ အက်ဆီးဒင်းဖြစ်သွားခဲ့ကြောင်း သိရသည်။

အောင်မင်းစိုးမှာ ဘယ်ဘက်မျက်ခုံး၊ နှုတ်ခမ်း၊ ဒူး ၂ ဖက်စလုံး၌ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး မောင်သိန်းဌေးမှာ ဦးခေါင်းနောက်စေ့၊ ဘယ်ဘက်ခြေ၊ နှုတ်ခမ်း နှင့် မျက်ခုံးတို့၌ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းတွေ့ရသည်။

လက်ရှိတွင် ပြင်းထန်ဒဏ်ရာရရှိသူများကို တစ်ခြားနေရာသို့ ဆေးဝါးကုသရန်ယူဆောင်သွားခဲ့ကြောင်း AB News က မေးမြန်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ