Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် ဒီမိုကရေစီပညာရေး သင်ကြားခြင်းများကို ဥပဒေထုတ်ပြန်၍ တားမြစ်အရေးယူရန် အာဏာသိမ်းစစ်ခေါင်းဆောင် ညွှန်ကြားစေခိုင်း

ABN-ရာဟု

မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ကိုယ်ပိုင်ကျေားင်းများတွင် အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုနှင့်ပတ်သက်သည့် သင်ကြားခြင်းများကို ဥပဒေထုတ်ပြန်၍ တားမြစ်အရေးယူရန် ဖေဖော်ဝါရီလ၆ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ အစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်အောင်လှိုင်က ညွှန်ကြားစေခိုင်းလိုက်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိပုဂ္ဂလိက ကိုယ်ပိုင်ကျေားင်းများတွင် အနောက်တိုင်းဒီမိုကရေစီ ယဉ်ကျေးမှုကို ထည့်သွင်းသင်ကြားနေမှုများကို Focal အဖြစ် တာဝန်ယူ၍ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်း ဥပဒေများ ရေးဆွဲထုတ်ပြန်အရေးယူရန် ညွှန်ကြားစေခိုင်းလာခြင်းဖြစ်ကာ သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်များရှိ ပညာရေးဌာနများကို ညွှန်ကြားစာများ ဖြန့်ဝေပေးပို့ထားကြောင်း သိရသည်။

ရခိုင်ပြည်တွင် လက်ရှိအချိန်အထိ ညွှန်ကြားစာများ မရောက်ရှိသေးကြောင်း ပြည်နယ်ပညာရေးမှူးဦးဘထွီးစိန်က ABNကို ပြောဆိုသည်။

“ကျနော်တို့ဆီကို ခုထိ ညွှန်ကြားစာမရောက်သေးပါဘူး”ဟု ပြည်နယ်ပညာရေးမှူးက ABN ကိုပြောသည်။

ယခုလိုလုပ်ဆောင်မှုမှာ ကျောင်းသားကျောင်းသူများ၏ ပညာရေးကိုနောက်ပြန်ဆုတ်အောင်လုပ်ဆောင်နေသလိုဖြစ်နေပြီး အာဏာသိမ်းစစ်ကောင်စီ ပညာရေးဌာနမှ ပုဂ္ဂလိကကျောင်းများနှင့်ပတ်သက်သည့် လိုင်စင်အပါအဝင် တခြားခွင့်ပြုချက်များကိုပါ ပြန်လည် ပြုပြင်ကာ စည်းကမ်းချက်များတင်းကြပ်လာနိုင်သောကြောင့် ပညာရေးအသိုင်းအဝိုင်းက စိုးရိမ်နေကြသည်။

“ကလေးတွေရဲ့ ပညာရေးကိုရိုက်ချိုးနေသလိုပါဘဲ။ သူတို့သတ်မှတ်ထားတာဘဲသင်ရမယ့် ပုံစံပေါ့ ။ ပုဂ္ဂလိကကျောင်းတွေကိုလည်း စည်းကမ်းတွေနှင့် တင်းကြပ်လာနိုင်တယ်။ ပညာရေး နောက်ပြန်ဆုတ်အောင် လုပ်နေသလိုပါဘဲ” ဟု အမည်မဖော်လိုသည့် ပညာရေးကျောင်းအုပ်ဆရာတစ်ဦးက ABNကိုပြောသည်။

ကရင်ပြည်နယ်တွင် မြို့နယ်ပညာရေးမှူးများအားလုံးထံသို့ ဒီမိုကရေစီပညာသင်ကြားရေး တားမြစ်ချက်ကို ပို့ထားပြီးဖြစ်သည်ကို တွေ့ရသည်။

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် ဒီမိုကရေစီပညာရေး သင်ကြားခြင်းများကို ဥပဒေထုတ်ပြန်၍ တားမြစ်အရေးယူရန် အာဏာသိမ်းစစ်ခေါင်းဆောင် ညွှန်ကြားစေခိုင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ