Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝ-မတူပီနယ်စပ် စစ်ကောင်စီ စစ်စခန်း ၁ ခုအား ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖက်မှ ၂ ဦးသေဆုံးကြောင်းထုတ်ပြန်

ချင်းပြည်နယ် ပလက်ဝ-မတူပီ နယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီမှ ဂိတ်ထိုးထားသည့် ဘွေလီဂိတ်စခန်းအား ဒီဇင်ဘာလ ၁၆ရက်နေ့က ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝ အဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း CDF-Paletwa အဖွဲ့၏ ယနေ့ဒီဇင်ဘာ ၁၇ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဘွေလီဂိတ် စခန်းအား ဒီဇင်ဘာ ၁၆ရက် နံနက် ၇ နာရီတွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်တိုက်ခိုက်မှုဖြစ်ခဲ့ကာ တိုက်ခိုက်ချိန် ၁၅မိနစ်ခန့်ကြာမြင့်ပြီး စစ်ကောင်စီဖက်မှ ၂ဦးသေဆုံးပြီး ၅ဦးအထိ ထိခိုက်ဒဏ်ရာရရှိကြောင်းနှင့် CDF-Paletwa ဖက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေမှုများကြောင့် ဂိတ်အနီးအနားရှိ ကျေးရွာများဖြစ်ကြသည့် ဘွေလီကျေးရွာနှင့် တွီဆော့ကုန်းကျေးရွာများမှ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိရသည်။

ပလက်ဝ-မတူပီနယ်စပ် စစ်ကောင်စီ စစ်စခန်း ၁ ခုအား ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖက်မှ ၂ ဦးသေဆုံးကြောင်းထုတ်ပြန်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ