Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့နယ်တွင် အဆောင်တွင် အခေါင်းမိုးရန်အတွက်ဟုဆိုကာ ခရီးသည်များထံမှ တာပေါ်လင်တောင်း

ပလက်ဝမြို့နယ်တွင် အဆောင်တွင် အခေါင်းမိုးရန်အတွက်ဟုဆိုကာ ခရီးသည်များထံမှ တာပေါ်လင်တောင်း

ABN-ရှိုင်းမိုး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ တရွန်အိုင်ရွာအနီး စစ်ကောင်စီ စကခ ၁၉တပ်မှ အဆောင်များဆောက်လုပ်ရန်အတွက် ခရီးသည်များထံမှ တာပေါ်လင် များတောင်းခံနေသည်ဟု သိရသည်။

ပလက်ဝမြို့နယ်မှ ‌စျေးသည်များ၊ ဆိုင်သည်များ၊ ဟင်းသီးဟင်းရွက်ခရီးသည်များ ကျောက်တော်မြို့သို့ ရေ‌ကြောင်းခရီးသွားရာလမ်းတွင် စစ်ကောင်စီ စကခ ၁၉တပ်မှ တာပေါ်လင် တစ်လိပ်တောင်းခံပြီး၊ တာပေါ်လင် မပေးနိုင်လျှင် ငွေကျပ် ၃၂၀၀၀၀ပေးဆောင်ရကြောင်းသိရသည်။

“သူတို့မှာ အဆောင်ဆောက်နေကြပါတယ်၊ အဲဒါမှာ အမိုးလိုပါတယ်၊ ဒါကြောင့် ကျွန်မတို့ခရီးသည်တွေဆီက တာပေါ်လင် တောင်းပါတယ်၊ တာပေါ်လင် မပေးနိုင်ရင် ငွေ ၃၂၀၀၀၀ ပေးရမယ်ဆိုပြီးပြောပါတယ်၊ ကျွန်မတို့က မပေးနိုင်ပါဘူး၊ ဒါကြောင့် မယူပါဘူး” ဟု ပလက်ဝမြို့ထက်မှ စျေးသည်တစ်ဦးမှပြောသည်။

ငွေတောင်းခံနေသောသူမှာ စစ်ကောင်စီ စကခ ၁၉တပ်မှ ဗိုလ်မှူး ကျော်လင်းထွန်းနှင့် သူ့၏လက်အောက်ငယ်သားများဖြစ်ကြောင်းသိရသည်။

ရွာသားများမှာ လိုအပ်၍ ကျောက်တော်မှ ဝယ်လာသည့် တာပေါ်လင်လိပ်များကို ဘုတ် (ရေယာဥ်) တစ်စီးလျှင် တစ်လိပ်ကျစီတောင်းခံကြောင်း နောက်ထပ် ခရီးသည် ၁ ဦးက ABN ကိုပြောသည်။

“တာပေါ်လင်လိပ်တင်လို့ ပါလာတဲ့ ဘုတ်တွေဆီကနေတောင်းပါတယ်။ အဲဒါကိုမပေးရင် ပိုက်ဆံတောင်းပါတယ်” ဟု ပြောသည်။

ယခုတောင်းခံနေသော စကခ ၁၉ တပ်သည် ၂၀၂၂ ခုနှစ်အတွင်းကလည်း အမာခံအဆောင်များဆောက်လုပ်ရန်တွက် ခရီးသည်များလှေထွက်လျှင် သစ် ၂တန်ပေးရသည်။

“အခုတောင်းနေတဲ့ တပ်က အရင်တုန်းကလည်း တောင်းပါတယ်၊ တခြား တပ်စခန်းတွေကမတောင်းပါဘူး၊ ဒီ စကခ ၁၉ တခုတည်းကတောင်းနေတာပါ” ဟု ဆိုသည်။

ပလက်ဝမြို့နယ်တွင် စစ်တပ်မှ ဆေးဝါး၊ ရိက္ခာသယ်ယူခွင့်များကိုကန့်သတ်ထားပြီး၊ ငွေကြေးကောက်ခံနေ၍ လူနည်းစုတိုင်းရင်းသားရွာ ၄၀ခန့် အခက်ခဲဖြစ်နေကြသည်။

ဓာတ်ပုံ-ပလက်ဝ-ကျောက်တော် ပြေးဆွဲနေသည့် စစ်ကောင်စီရေယာဥ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ