Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်မှ အမာခံအဆောင်များ ဆောက်မည်ဟုဆိုကာ ဒေသခံခရီးသည် စက်လှေများထံမှ သစ် ၂ တန် (သို့) ငွေ ၁၀ သိန်းကျပ်စီ အတင်းအဓမ္မတောင်းနေ

ABN-ရှိုင်းမိုး

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်မှ အမာခံအဆောင်များ ဆောက်မည်ဟုဆိုကာ ဒေသခံ ခရီးသည်စက်လှေများထံမှ သစ် ၂ တန် တန်းဖိုးခ ငွေကျပ် ၁၀ သိန်းကျပ်စီ အတင်းအဓမ္မတောင်းယူနေကြောင်း စုံစမ်း သိရှိရသည်။

ပလက်ဝမြို့မှ ကျောက်တော်မြို့သို ခရီးသွားနေကြသည့် စက်လှေများထံမှ စစ်ကောင်စီ၏ ပလက်ဝရေတပ်ဖြစ်သည့် စကခ ၁၉ တပ်မှ သစ် ၁ တန်ကို ၅ သိန်းကျစီဖြင့် လှေ ၁ စီးမှ သစ် ၂ တန်စီတောင်းပြီး သစ်မပေးနိုင်လျှင် ငွေကျပ် ၁၀ သိန်းစီပေးရမည်ဖြစ်ပြီး သူတို့တောင်းသည့်အတိုင်း မပေးနိုင်လျှင် သွားခွင့်မပေးကြောင်းသိရသည်။

“ လှေထဲမှာက သစ်မပါဘူး ၊ တခြား ဟင်းသီး၊ ဟင်းရွတ်တွေပဲပါတာ၊ ဒါပေမယ့် သူတို့က သစ် ၂ တန်တောင်းပါတယ်၊ သစ်မပေးနိုင်ရင် သစ် ၁တန်ကို ငွေ ၅ သိန်းကျပ်စီ သစ် ၂ တန် အတွက် ငွေ ၁၀ သိန်းတောင်းပါတယ်၊ မပေးနိုင်ရင် သွားခွင့်မပေးပါဘူး၊ သူတို့လက်မှတ်ပါမှ သွားခွင့်ရှိပါတယ်၊ မပါရင်သွားခွင့်မပြုပါဘူး” ဟု လှေသမားတစ်ဦးမှပြောသည်။

ကျောက်တော်မြို့သို့ စျေးသွားဝယ်မည့် ခရီးသည်များမှာလည်း သူတို့ဆီမှ လက်မှတ်သွားယူရပြီး စျေးဝယ်မည့် ပစ္စည်းစာရင်းကိုလည်း သူတို့ဆီကို အပ်နှံစာရင်းပေးပြီး အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ရေပိုက်နှင့် ဘိလပ်မြေအိတ်တို့ကိုလည်း သယ်ယူခွင့်မပေးကြောင်းသိရသည်။

“သူတို့လက်မှတ်မပါရင် မသွားရပါဘူး။ တချို့ ပစ္စည်းတွေဆိုရင်လည်း သူတို့ဝယ်ခွင့်မပြုပါဘူး၊ ပစ္စည်းဝယ်ပြီးလာရင်လည်း သူတို့စစ်ပါတယ်။ တချို့ပစ္စည်းတွေကိုလည်း သူတို့ ယူပါသေးတယ်။ ရေပိုက်နှင့် ဘိလပ်မြေအိတ်ကိုကျတော လုံးဝယူခွင့်မပေးပါဘူး” ဟု ၎င်းကဆက်ပြောသည်။

ပလက်ဝမြို့မှ ကျောက်တော်မြို့သို စျေးသွားဝယ်နေသည့် ဒေသခံပြည်သူများသည် စစ်ကောင်စီ စကခ ၁၉ တပ်၏ စစ်ဆေးမှုကြောင့် လမ်းခရီးခက်ခဲပြီး ငွေကြေးပြဿနာနဲ့ ရင်ဆိုင်နေရသည်။

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်မှ အမာခံအဆောင်များ ဆောက်မည်ဟုဆိုကာ ဒေသခံခရီးသည် စက်လှေများထံမှ သစ် ၂ တန် (သို့) ငွေ ၁၀ သိန်းကျပ်စီ အတင်းအဓမ္မတောင်းနေ

ထင်မြင်ယူဆချက်‌‌ပေးရန်