Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့နယ်တွင် ခရီးသွားပြည်သူများထံမှ စစ်ကောင်စီ ဘိလပ်မြေအိတ် အတင်းအဓမ္မတောင်းနေ

ပလက်ဝမြို့နယ်တွင် ခရီးသွားပြည်သူများထံမှ စစ်ကောင်စီ ဘိလပ်မြေအိတ် အတင်းအဓမ္မတောင်းနေ

ABN-ရှိုင်းမိုး

ဇွန် ၁ရက်

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဒေသခံ ခရီးသွားပြည်သူများထံမှ စစ်ကောင်စီ ဘိလပ်မြေအိတ်များ အတင်းအဓမ္မတောင်းယူနေသည်ဟုသိရသည်။

ပလက်ဝမြို့ သရော်အိုင်ရွာအနီးရှိ စစ်ကောင်စီ စကခ ၁၉ တပ်ရင်းမှ ဗိုလ်ကြီး ထက်ဝေကျော်မှဦးဆောင်၍ တောင်းနေသည်ဟုသိရသည်။

ပလက်ဝမြို့မှ ကျောက်တော်မြို့သို့ ခရီးသွားနေသော ခရီးသွားများထံမှ လှေတစ်စင်းလျှင် ဘိလပ်မြေ ၁၀ အိတ်တောင်းနေသည်ဟု ခရီးသွားနေသည့်ပြည်သူအမျိုးသမီးတစ်ဦးက ABN သို့ ပြောသည်။

“ပထမတစ်ခါ အဆောင်ဆောက်ဖို့ သစ်တောင်းတယ်၊ ဒုတိယတစ်ခါ တာပေါ်လင်လိပ် တောင်းတယ်၊ ဒီတစ်ခါ ဘိလပ်မြေအိတ် ၁၀ တောင်းပါတယ်၊ မပေးရင်မသွားရပါဘူး၊ ကျွန်မတို့ခရီးသွားနေတဲ့ ပစ္စည်းက ဘိလပ်မြေ ၁၀ တန်ဖိုးတောင်မပါဘူး၊ သူတို့မကြာမကြာတောင်းပါတယ်” ဟု၎င်းကဆိုသည်။

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ စကခ ၁၉တပ်ရင်းသည် မကြာခဏ ခရီးသွားပြည်သူတွေထံမှ ပစ္စည်းများတောင်းခံလျက်ရှိပြီး၊ သူတို့တောင်းသည့်ပစ္စည်းမပါလျှင် တခြားပစ္စည်းများကို ယူသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ