Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြိုနယ် မီးဝရွာအား အကြမ်းဖက်စစ်ကောင်စီအဖွဲ မှ ဂျက်ဖိုက်တာဖြင့်လာရောက်ဗုံးကြဲချတိုက်ခိုက်၊ သက်ကြီးပိုင်းအမျိုးသမီး ၁ဦးသေဆုံးပြီးနေအိမ် ၁ လုံး မီးလောင်ပျက်စီး

ပလက်ဝမြိုနယ် မီးဝရွာအား အကြမ်းဖက်စစ်ကောင်စီအဖွဲ မှ ဂျက်ဖိုက်တာဖြင့်လာရောက်ဗုံးကြဲချတိုက်ခိုက်၊ သက်ကြီးပိုင်းအမျိုးသမီး ၁ဦးသေဆုံးပြီးနေအိမ် ၁ လုံး မီးလောင်ပျက်စီး

AB News- ဇန်နဝါရီ ၉၊၂၀၂၄

ယနေ့ ဇန်နဝါရီလ ၉ရက် နေ့လည် ၂နာရီခန့် က အကြမ်းဖက်စစ်ကောင်စီအဖွဲမှ ဂျက်တိုက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်၍ ပလက်ဝမြိုနယ် မီးဝကျေးရွာမှ သက်ကြီးပိုင်း အမျိုးသမီး ၁ဦး သေဆုံးပြီး နေအိမ်၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း AB News ကစုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲသည် စစ်ပွဲနှင့်မသက်ဆိုင်သော မီးဝရွာအား ဂျက်ဖိုက်တာဖြင့်လာရောက်ကာ ဗုံး၃လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နေအိမ်၁ဆောင်လုံး မီးလောင်ပျက်စီးသွားပြီး အသက် ၆၀ အရွယ်ခန့်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ပလက်ဝမြိုနယ် မီးဝဗျူဟာကုန်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။

သေဆုံးသူမှာ မီးဝရွာမှာ ဒေါ်စောမြသိန်း အသက် ၆၀ နှစ်ဖြစ်ကြောင်း သိရသည်။

ပလက်ဝဒေသရှိ ပြည်သူများအား နှစ်ရှည်လများ ဒုက္ခပေးနေသည့် အာဏာသိမ်း စစ်ကောင်စီအဖွဲအား အမြစ်ပြတ်ချေမှုန်းလျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ